Episode 5

1.6K 163 2
                                    

Episode 5

Moon တစ်ယောက် Bank ခေါ်ရာနောက် ပွဲတစ်ခုကို
လိုက်လာခဲ့လိုက်သည်။ Moon တွဲခဲ့သမျှ လူတိုင်းသည် သာမာန်အားဖြင့် ဒီလိုပွဲထုတ်ပေးခြင်းမျိုးမရှိ ။ Bank
က လူငယ်လေးဖြစ်ပြီး မနူးမနပ်အရွယ်လေးမို့များလား။

"Hi Bank !! How are you ? "

လက်ဆွဲနှုတ်ဆက်ကာ ပါးချင်းအပ်လိုက်ကြသည်မို့ Moon ကနောက်ကလေးဆုပ်ကာ မတ်တပ်ရပ်လိုက်သည်
ဒီမိန်းကလေးက ကြည်ပြာရောင် ပွဲတက်ပိုးသားဂါဝန်
ပျော့ပျော့လေးကိုဝတ်ဆင်ထားပြီး အလိပ်လိပ်ကောက်
ထားသော ဆံနွယ်ဝါဝါလေးများကို ပခုံးကနေ ချထား
သည်မို့ အတော်ကြည့်ကောင်းသည်။ ဖြူဝင်းနေသော
အသားအရေက ရောင်စုံမီးတွေကြားထဲမှာတောင် ပေါ်
လွင်လှသည်။

"မမ !! "

ခေါ်သံကြောင့် Moon အတွေးတွေကို ရပ်လိုက်ပြီး Bank
နဲ့ အကြည့်ချင်းဆုံလိုက်သည်။

"မမ သူ့နာမည်က Scarlatt ~~  philippine မှာ ကျွန်တော်နဲ့ ကျောင်းတူတူတက်နေတဲ့ သူငယ်ချင်းပေါ့ ~~~ အခု သူက thai ကိုအလည်လာတုန်း ပွဲနဲ့မို့ ကျွန်တော် ဖိတ်လိုက်တာ "

Moon က ပြုံး၍ နှုတ်ဆက်လိုက်တော့ ထိုအမျိုးသမီး
က ပါးချင်းလာကပ်သည်။ဒါသူတို့ ယဉ်ကျေးမှုဖြစ်မည်
လို့ တွေးလိုက်ပြီး Moon အလိုက်အထိုက် နေပေးလိုက်
ရသည်။ခဏကြာတော့ ထိုမိန်းကလေးက ပြန်ထွက်လာ
သည်မို့ Moon ရဲ့ လက်ချောင်းလေးများက Bank လက်ထဲက ရုန်းထွက်သည်။ဒါကြောင့် Bank က Moon
ကို တစ်ချက်ကြည့်လိုက်သည်။

"မမ ဘာလို့လဲ "

"ဘာမှ မဟုတ်ဘူး !! ဒါနဲ့ မင်းပြောတော့ ပွဲတစ်ခုဆို "

"ဟုတ်တယ်လေဗျာ !! ပွဲတစ်ခုလေ "

"မင်းအိမ်က လုပ်တဲ့ ပွဲလို့ Moon ကို ဘာလို့ မပြောတာလဲ"

Bank က မမ မရိပ်မိလောက်သေးဘူးထင်ပေမယ့် Moon
က အပြောအဆို အသွားအလာတွေကိုကြည့်ကတည်းက
သိနှင့်ပြီးဖြစ်သည်။

"ပြောလေ "

"ကျွန်တော် မမကို Mommy နဲ့ မိတ်ဆက်ပေးမလို့ "

Moon က သွေးတွေ နားထင်ဆောင့်တက်သွားသည်ထင်ရ
၏ ။ ဘဝမှာ ဒီလိုမျိုး ဘယ်သူကမှ ရေးကြီးခွင်ကျယ်လုပ်
မနေ။ သူ့ကိုလဲ အပျော်သက်သက်သာ တွဲကြပြီး လူသိ
မှာစိုးလို့တောင် ဖုံးကြဖိကြတဲ့သူတွေချည်းရယ် ။ Bank
ဆိုသော ကောင်လေးနဲ့ရင်းနှီးတာ ၁ လကျော်ကျော်ပဲ
ရှိဦးမည် ။ဒါကို သူက Moon ကို သူ့အိမ်နဲ့ မိတ်ဆက်ပေး
တော့မယ်တဲ့လား ။ ဟက် ~~ ရယ်စရာကောင်းလိုက်တာ
ဘဝမှာ ဒီလို မနူးမနပ်လေး တစ်ခါမှ မတွေ့ဖူးဘူး ။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Место, где живут истории. Откройте их для себя