Episode 4
Oon သည် ဆလွန်းကားလေးထက်ကနေ ပတ်ဝန်းကျင်
တစ်ခွင်ကို ငေးကြည့်မိသည်။ မနက်ခင်းမို့ မြူနှင်းတို့က
ထင်ရှူးပင်ထက်မှာ ရစ်သိုင်းနေသည်။ ကတ္တရာလမ်းမ
ဘေးက မြေနီလမ်းသွယ်လေးတွေက မပြေပြစ်သော်
လည်း တစ်မျိုးဆန်းနေ၏။ ဘန်ကောက်မှာ တွေ့နေကျ
သစ်ပင်ပန်းမန်တို့နဲ့ မတူ ။ လှပပြီး အရောင်အသွေးစုံ
သော ပန်းများ Chingrai မှာ ပွင့်ဖူးနေကြသည်။"P' ~~ ဒီလမ်းမလား~~Santikhiri ကိုသွားတာ ~"
"အနောက်က tour ကား ပါလာလား ကြည့်လိုက်ဦး May"
"ပါတယ် !! သွားသာသွားပါ "
"သွားလုပ်မနေနဲ့~~ ကိုယ်က တာဝန်ခံမို့ သူတို့ပျောက်သွားရင် ကိုယ့်ခေါင်းပေါ်ကျနေမယ် "
Oon တစ်ယောက်တော့ နောက်ခုံလေးမှာ ငြိမ်ငြိမ်လေး
ထိုင်ကာ May တို့ လင်မယားရဲ့စကားသံကို နားထောင်
နေမိသည်။ အခု သူတို့က Chingrai ရောက်လာပြီဖြစ်
သည်၊ နောက်တော့ Santikhiri ကို ဆက်သွားမည် ။
အဲကနေမှ ဟို တောင်တန်းမြင့်မြင့်တွေထဲမှာ နေနေတဲ့
Akha လူမျိုးတွေဆီရောက်မည်လို့ Khun May အကြမ်း
ပြောပြထားသည်မို့ သူသိပါသည်။"Ai Oon က တော်တော်ငြိမ်တာပဲနော် "
Nee က ကား ဘတ်မှန်ထဲကနေ Oon ကိုတစ်ချက်ကြည့်ပြီး May ကိုလှမ်းပြောလိုက်သည်။
"သူက အရမ်းအေးတာ~~May တော့ ကိုယ့် Nong
လေးလို တကယ်ချစ်တယ် ~~ ""အင်း!! တကယ့်ကို လူအေးလေးပဲ~~"
Oon ကိုပြောနေမှန်းသိလဲ ဘာမှပြန်မပြောမိ ။ မထုံတတေးနဲ့သာ ငြိမ်နေလိုက်သည်။ ရင်ခွင်ထဲတွင်
P'Moon ဝယ်ပေးထားတဲ့ လခြမ်းကွေးအရုပ်လေးကို
မြဲမြဲဖက်တွယ်ထားဆဲသာ။ထို့နောက် Khun Nee က လူမျိုးစုတွေနေတဲ့နေရာဆိုပြီး လက်ညိုးလေးထိုးပြ
သည်။ ထိုနေရာကို ကြည့်ပြီး P'Moon နဲ့အတူ ထို
တောင်တွေကြားပဲ ပုန်းခိုနေချင်စိတ်များ တဖွားဖွားပေါ်
လာတော့သည်။~~~~~~~~
Oon တစ်ယောက် တောလမ်းအသွယ်သွယ်ကို ဖြတ်ကာ
လာခဲ့ပြီး နောက်ဆုံးတော့ အိမ်လေးတစ်အိမ်ကို စတွေ့
ရပါတော့သည်။ တစ်ရွာလုံးကို ကိုယ်စားပြုသော အိမ်
လေး ။ သက်ကယ်မိုးလေးရယ် ကိုယ်ထည်က ဝါးခြမ်းပြားတွေရယ် တွဲစပ်ဆောက်လုပ်ထားသော ချစ်စရာ Akha လူမျိုးတို့နေအိမ်လေး။

ВЫ ЧИТАЕТЕ
ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)
Фанфикကျွန်တော့်ရဲ့ရင်ခုန်သံတိုင်းဟာ သူကြောင့်ဖြစ် တည်တာပါ ။ သူမဟုတ်ရင် ကျွန်တော့်ရင်ခုန်သံ တိုင်းက စည်းချက်မကျပါဘူး 💙