☁️⓪①☁️

24.6K 1K 49
                                    

အေးစက်စက်ညခင်းတစ်ခု။ သူ့ကမ္ဘာအတွက်တော့ သိပ်ကို မှောင်မိုက်အေးစက်လွန်းနေခဲ့သည်။

မြို့ပြ၏ အရောင်အဝါ ထွန်းလင်းမှုအောက်မှာ ဟိုသည်သွားလာလျက် ရှိနေကြသည့် ကားသံများ ၊ လမ်းလျှောက်သံများက ဆူညံ‌နေလျက်ရှိကာ မီးပွိုင့်ဆီမှ အချက်ပြသံများကအစ အသေးစိတ်ကိုပါ Taehyung ကြားနေရသည်။

လမ်းမီးတိုင် မှိန်ပျပျအောက်မှာတော့ မိမိတို့ နေထိုင်ရာအိမ် သို့မဟုတ် နှောင်ကြိုးများနှင့် မိသားစုရှိရာဆီသို့ အပြေးကလေးသွားလျက်ရှိသည့် ခြေလှမ်းများနှင့်အတူ လွတ်လပ်ပေါ့ပါးနေဟန်ရှိလှသည့် လူတချို့ကိုလည်း ကွန်ဒို၏ အပေါ်စီးကနေ သူ မြင်တွေ့‌နေရသည်။

ထိုလူများ၏ မျက်နှာထက်တွင် ပင်ပန်းမှုတို့ ခပ်ရေးရေး ထင်ကျန်နေ‌မည်ဖြစ်သည့်တိုင် အပြုံးရိပ်တို့မှာလည်း ထိုပင်ပန်းမှုတို့နှင့်အပြိုင် ထင်ဟပ်ပေါ်လွင်နေကြမည်မှာတော့ အသေအချာပင်။

သူ မနာလိုလိုက်တာ။

"Papa..."

သူ့အတွက် သီးသန့်ဖြစ်တည်လာသော နာမ်စားလေးတစ်ခုအား ကြားယောင်မိပြန်တော့ စိတ်အဆင်မ‌ပြေသည့်ကြားမှ တစ်ချက်တော့ ပြုံးမိသွား၏။

သား။ သူ၏ချစ်မြတ်နိုးရပါသော တစ်ဦးတည်းသော သားလေး။

သားလေးနှင့် မတွေ့ရသည်မှာ ရက်သတ္တပတ်ခန့်ပင် ရှိနေပြီဖြစ်သည်။

အထပ်မြင့်မြင့် ကွန်ဒိုတိုက်ခန်းတစ်ခုကနေ တစ်လောကလုံးကို စီးမြင်နေရသည့် မြင်ကွင်းက မျက်စိပသာဒဖြစ်လှပေမဲ့ သူ့စိတ်အား ကြည်လင်မှု မပေးပြန်ပေ။

သို့သော် ထိုအရာများကို စိတ်လွတ်ကိုယ်လွတ် ငေးကြည့်ရခြင်းကိုတော့ Taehyung သိပ်ကို သဘောကျမိသည်။

လမ်းမထက် သွားလာနေကြသည့် လူများကို သူကြည့်သည်။ ဆူညံနေသည့် ကားသံများ၊ မီးပွိုင့်က အချက်ပေးသံများကို သီချင်းသံစဉ်တစ်ပုဒ်လို သူနားထောင်သည်။

ထို့နောက်တွင်တော့ သူက မဟူရာရောင် သန်းနေပြီဖြစ်သည့် မှောင်မိုက်မိုက် ကောင်းကင်ပြင်ကြီးကို ငေးမောကြည့်နေမိပြန်ပါ၏။

Cloudy【Completed】Where stories live. Discover now