☁⓪②☁

8.3K 781 7
                                    

"Papa..။ Ice Cream စားချင်တယ်။ ကစားကွင်းရော သွားချင်တယ်။ သားသားကို လိုက်ပို့"

သားက ဆော့နေရင်းမှ သူ့ပေါင်ပေါ်သို့ ကုန်းတက်လာကာ သူ့ပါးပြင်ကို လက်ချောင်းသေးသေးလေးများဖြင့် ကိုင်တွယ်ပွတ်သပ်နေရင်း ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်၍ ဂျီကျတော့သည်။

စကားပြောသည့်အခါတိုင်း နှုတ်ခမ်းလေး တစူစူနှင့် ချစ်ဖို့ကောင်းလွန်းသည့် သားလေး Kim Taehoon..။ သားလေးက အရွယ်ရောက်လာလေ သူနှင့် တူလာလေ ဖြစ်သည်။

"သားသား သွားချင်ရင် Papa က လိုက်ပို့မှာပေါ့လို့။ အခုသွားမယ်။ Ice Cream တွေလဲ အများကြီးဝယ်ကျွေးမယ်။ ဟုတ်ပြီလား"

ချစ်စဖွယ်ရယ်ပြရင်း သူ့ပေါင်ပေါ်မှ လျှောဆင်းကာ အိမ်ထဲ၌ ခုန်ပေါက်ပြေးလွှားနေသော သားငယ်လေးကို ငေးကြည့်မိရသည့်အခိုက်အတန့် အရာအားလုံး ငြိမ်းချမ်းသွားသလိုပါပင်။

အဆင်မပြေမှုများနှင့် ပြည့်နေသည့် သူ့ဘဝတွင် သားလေးရှိနေ၍ တော်သေးသည်ဟု ဆိုရပေမည်။ သားလေးသာ ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာနှင့် သူ့မျက်စိအောက်မှာ ကြီးပြင်းလာမည်ဆိုပါက ထိုကဲ့သို့ မြင်ရရုံနှင့် ကျန်သည့်အရာများက အရေးမပါ၊ မလိုအပ်တော့သည်ဟူ၍ပင် သူ ထင်မိပါ၏။

ကစားကွင်းသို့ သားနှင့်နှစ်ယောက်တည်းသာ Taehyung ထွက်လာခဲ့သည်။ သူ့မှာ သားနှင့်တွေ့ရရန်အတွက် နှစ်ရက်သာ အချိန်ရသည်။ ဤအဖိုးတန်လွန်းသည့် အချိန်လေးမှာတော့ သားလေးနှင့်သာ အချိန်တို့ကို ကုန်ဆုံးချင်မိသည်မှာလည်း သူ၏ အနည်းငယ်‌‌သော အတ္တတစ်ခုသာ။

သူအိမ်ကို ပြန်လာသည့် ရက်များတွင်လည်း သားနှင့် အချိန်ဖြုန်းနေဖြစ်သည်က ခပ်များများပင်။ Lady ကတော့ နားလည်တာလား သူနှင့်သားကြားကို မဝင်ချင်တာလားမသိ။ သားငယ်‌လေး သူ့အနားမှာရှိနေသည့် တစ်ချိန်လုံး အလိုက်တသိပဲ သူနှင့် ခပ်ခွာခွာနေပေးသည်။

ဤတစ်ကြိမ်တွင်လည်း သား အမေဖြစ်၍ ကစားကွင်းကို လိုက်ခဲ့ဖို့ အပါခေါ်သည်ကိုတောင် သားအဖနှစ်ယောက် အေးအေးဆေးဆေး ပျော်ခဲ့ကြဟုဆိုကာ လိုက်မလာခဲ့ပေ။

Cloudy【Completed】Where stories live. Discover now