☁⓪⑤☁

5.8K 659 14
                                    

"Tae..."

သူ့အတွက် ကျွန်တော်ခေါ်နေကျ နာမ်စား‌လေးတစ်ခုနှင့်အတူ ပန်းနုရောင်သန်းနေသည့် နားရွက်ဖျားနုနုအား ချစ်စနိုးဖြင့် အသာအယာကိုက်မိရင်း နှိုးလိုက်မိသည့်အခါ ထိုအထိအတွေ့အပေါ် အသိအမှတ်ပြုသည့်အလား ကကြီးပုံသဏ္ဌာန် နှုတ်ခမ်းထောင့်စွန်းလေးများက အထက်သို့ ကွေးညွတ်သွားလျက်။ ထို့နောက် အညိုရောင် မျက်ဝန်းတစ်စုံကမူ ပွင့်လာခြင်းမရှိပါဘဲ ကျွန်တော့်ကိုပင် ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပြန်ဖက်ထားပါသည့်သူ။

"Tae ထတော့။ ကျွန်တော်တို့ ကျောင်းနောက်ကျလိမ့်မယ်"

"ကောင်လေးကလဲ။ ဒီလိုနေ့မျိုးမှာ တစ်ခါတလေလေး ကျောင်းမသွားဘဲ နေရအောင်လေနော်"

ကျွန်တော့်ကျောပြင်အား အသာအယာ ပွတ်သပ်ပေးရင်း‌ ပြောလာတော့ Tae ၏ စကားတစ်ခွန်းဆိုသည်နှင့် နားထောင်ပြီးသားဖြစ်သည့် ကျွန်တော်က ခေါင်းလေးသာ ညိတ်ပြမိရင်း Tae ကျောပြင်ကိုပင် တင်းနေအောင် ပြန်ဖက်ထားမိရသည်။

"အင်း။ ဒီနေ့တစ်နေ့လုံး ဘာမှမစားဘဲနဲ့ ဒီအတိုင်း အိပ်ကြတာပေါ့"

ကျွန်တော်၏ ထိုစကားအပေါ် သဘောကျသလို ခပ်တိုးတိုးရယ်ရင်း နဖူးပြင်ထက် ကျရောက်လာသည့် အနမ်းဖွဖွ။ ထိုအထိအတွေ့လေးကြောင့်ပင် ကျွန်တော်က အလိုက်သင့်လေးနှင့် မျက်လုံးတို့ မှိတ်ထားပေးလိုက်မိသည်။

"ရှက်နေတာလား Jungkook..။ ဘာလို့ မျက်လုံးမှိတ်လိုက်တာလဲ"

"Tae လွတ်လွတ်လပ်လပ် နမ်းလို့ရအောင်လေ"

"အဲဒါဆို မျက်နှာတစ်ခုလုံး စိတ်ကြိုက်နမ်းခွင့်ပေးတယ်ပေါ့"

"အင်း"

ကျွန်တော်ခွင့်ပြုပေးလိုက်သည်နှင့် နဖူးပြင်ကို တရှုံ့ရှုံ့နမ်းနေရာကနေ နှုတ်ခမ်းဆီသို့ ကျရောက်လာသည့် အနမ်းများ။ နှုတ်ခမ်းချင်း ကင်းကွာပြတ်လပ်သွားသည့် အချိန်မရှိလောက်သည်အထိ ကျွန်တော်တို့ နမ်းခဲ့ကြသည်။

ကုန်ဆုံးသွားသည့် အဖိုးတန်အချိန်များနှင့်အတူ ဝင်သက်ထွက်သက်မမျှသည့် အနေအထားတွင် မိန်းမောခြင်းများနှင့် အလောတကြီး ဆုတ်ခွာသွားရသူမှာ ချစ်ရသော Tae ပင် ဖြစ်ပါ၏။ နီ‌ထွေးမှုနှင့် နှုတ်ခမ်းတစ်စုံက နွမ်းနယ်ဟန်ဖြင့် အသက်ကိုပင် မနည်းရှူသွင်းနေရပုံကြောင့် ကျွန်တော် အသံထွက်သည်အထိ ရယ်မိရပြန်သည်။

Cloudy【Completed】Where stories live. Discover now