☁️💌💜☁️

5.3K 354 41
                                    

အစကဇာတ်သိမ်းပိုင်းကို မနက်ဖြန်လောက်မှ up ဖို့‌လုပ်ထားပေမဲ့ ရေးထားပြီးသားဆိုတော့ ဒီနေ့ပဲ နှစ်ပိုင်းပေါင်း up ပေးလိုက်ပါတယ်။ ဇာတ်သိမ်းပိုင်းဖတ်ရတာ ပေါ့ပျက်ပျက်ကြီးဖြစ်သွားမယ်လို့ ထင်ပါတယ်ရှင်။ ကိုယ်ထင်ထားတာနဲ့ ထပ်တူမကျခဲ့ဘူးဆိုရင်လဲ သည်းခံပေးကြပါ။

ကလေးနှစ်ယောက်ရဲ့ ခံစားချက်ကို ဖော်ကျူးရာမှာ စာဖတ်သူတို့ဘက်က ဖတ်နေရင်း အဆင်မပြေတာပဲဖြစ်ဖြစ်၊ စိတ်ပျက်သွားမိတာပဲဖြစ်ဖြစ် ရှိခဲ့ရင်လဲ တကယ် တောင်းပန်ပါတယ်။ ဒီလိုအမြဲ‌ပြောရတာက ရေးခဲ့သမျှတိုင်းက One Shot တွေကလွဲရင် အရှည်နှစ်ပုဒ်က Drama တွေဖြစ်နေတာရယ်၊ Fiction တစ်ပုဒ်ရေးတိုင်းမှာ ဇာတ်သိမ်းခါနီးလေ ပျင်းစရာကောင်းလာပြီး အရေးအသားတွေကော အတွေးအခေါ်တွေပါ စုတ်ချာလာတာ‌‌ကြောင့်ပါနော်။ နှစ်ဦးနှစ်ဖက်ခံစားချက်ကို အမြဲတမ်း ညီတူညီမျှဖြစ်အောင်‌ ထိန်းရေးခဲ့‌ပေမဲ့ တကယ်တမ်းကျ အဲလိုဖြစ်အောင် မရေးနိုင်ခဲ့ဘူးထင်ပါတယ်။ လိုအပ်ချက်တွေ အများကြီးနဲ့မို့ သည်းခံပြီး ဖတ်ပေးကြပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။

Cloudy က ရိုးရှင်းတယ်ဆိုပေမဲ့ အစ်မအတွက်တော့ မနိုင်ဝန်ထမ်းသလို ဖြစ်ခဲ့ရတာလဲ အမှန်ပါပဲ။ ဆက်ရေးရမလား၊ ဖျက်ပစ်လိုက်ရမလား၊ ငါဒီလိုရေးလိုက်လို့ အဆင်ရောပြေပါ့မလားဆိုတဲ့ တွေဝေစိတ်တွေနဲ့ပဲ Cloudy ကို ရှေ့ဆက်ခဲ့ရတာ။ အခုတော့လဲ ရေးခဲ့ဖူးသမျှထဲမှာ စိတ်ပင်ပန်းမှု အများဆုံးနဲ့ အမြတ်နိုးရဆုံး Cloudy လေးက နောက်ဆုံးတော့ တကယ် ပြီးသွားခဲ့ပြီပဲ။

Nephophile တစ်ယောက်မို့ တိမ်စိုင်တွေနဲ့ထပ်တူ သဘောကျမြတ်နိုးရတဲ့ Cloudy Fiction လေးကို ဖန်တီးခွင့်ရခဲ့တဲ့အတွက်လဲ ကိုယ့်ကိုယ်ကိုယ် ကြံဖန်ဂုဏ်ယူလို့ ဝမ်းသာမိရပါတယ်။

မွန်းကြပ်စရာတွေကြားက Cloudy ကို စိတ်မပျက်ဘဲ အဆုံးထိဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတို့ကိုလဲ တကယ် ကျေးဇူးတင်ပါတယ်ရှင်။ အစ်မအတွက် အဖိုးတန်လှတဲ့ Cloudy လေးကို ထပ်တူသဘောကျ‌ မြတ်နိုးပေးကြလိမ့်မယ်လို့ မျှော်လင့်ရင်း ဒီမှာတင် နှုတ်ဆက်လိုက်ပါရ‌စေနော်။

Cloudy【Completed】Where stories live. Discover now