Part 1

2.6K 160 18
                                    

Zawgyi

ဟျောင့်တွေ မှီအောင်လိုက် မလွတ်စေနဲ့.........
Pete(P.O.V): ငါသူတို့လက်ကလွတ်အောင်ဘယ်လိုလုပ်ရမလဲ ခြေထောက်တွေလဲနာနေပြီ ငါရပ်လို့တော့မဖြစ်ဘူးအဲ့လူငါ့ကိုလုံးဝမရစေရဘူး ဘာလို့သူနဲ့မှပြန်ဆုံရတာလဲကွာ......

Pete နောက်ကိုလှည့်ကြည့်ပြီးပြေးနေတုန်းရှေ့မှ စက်ဘီးbell သံကြောင့်လှည့်အကြည့်

အာာာား....……………………
*****************************
Ae တစ်ယောက်စနေနေ့မို့အဆောင်ကနေအိမ်ပြန်ဖို့ထွက်လာသည်စီးနေကျစီးတော်ယာဉ်စက်ဘီးကိုစီးကာအဆောင်မှအထွက် ရှေ့တွင်ပြေးလာသောလူတစ်ယောက်ကိုတွေ့လိုက်သည်။

Bell သံကိုအဝေးတည်းကပေးလာသော်လည်းထိုသူကလှည့်တောင်မကြည့်။

သူ့ကြည့်ရသည်မှာနောက်က ကျားလိုက်နေသည်ပင်ထင်ရသည်။ကျွန်တော်ရှောင်နေသော်လည်းစက်ဘီးတည့်တည့်သို့ပြေးဝင်လာသဖြင့် အရှိန်မထိန်းနိုင်တော့ဘဲ စက်ဘီးကော လူပါလဲကုန်သည်။

အာာာား……………………
Aeး ယီးဘဲ မင်းစက်ဘီးဘဲလ်သံမကြားရအောင်နားလေး……

Ae(P.O.V):ဘုရားရေ လူရောဟုတ်ရဲ့လား နတ်သားများလား ဖြူဖွေးနေတာပဲ ဝိုင်းစက်တဲ့မျက်လုံး ကော့စင်းနေတဲ့မျက်တောင်လေးတွေ ဆေးမကူဘဲရဲနေတဲ့နှုတ်ခမ်း..ခမ်း အမ်...နေ..နေပါဦးငါဘာတွေတွေးနေတာလဲ Ae မင်းရှေ့မှာရှိနေတာယောကျာ်းလေးနော်

Pete: တောင်း.. တောင်းပန်ပါတယ် ခင်ဗျ

Ae: မင်းအဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ မင်းကြည့်ရတာတော်တော်မောနေသလိုပဲ ဘာလို့အဲလောက်ပြေးလာတာတုန်း

ဟျောင့်တွေ ဒီဘက်မှာရှာကြည့်
Pete အသံတွေကြားပြီးလန့်သွားတယ် စက်ဘီးတိုက်ထားတာကြောင့်ရော ပြေးတာကြာနေတာကြောင့်ရောဆက်ပြေးဖို့အားမရှိတော့

Ae(P.O.V): သူဘာဖြစ်နေတာလဲဟ တစ်ခုခုကိုကြောက်နေသလိုပဲ

Ae: အဲဒါဘယ်သူတွေလဲ မင်းရောတကယ်အဆင်ပြေရဲ့လား

Pete: ကျွန်တော့ကိုကူပါအုန်း အဲ့လူတွေလက်ကလွတ်အောင်ပြေးနေရတာ နီးလာပြီ ကျွန်တော်ဆက်လည်းမပြေးနိုင်တော့ဘူး

My Hero Ae[Completed]Where stories live. Discover now