Part 16

1.3K 129 20
                                    

Zawgyi

Veee Veee!!! Vee Veee!!
အဆက်မပြတ်မြည်နေသော Pete ဖုန်းVibrate သံကြောင့်Ae နိုးလာခဲ့သည် Pete ကတော့သူ့ရင်ခွင်ထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဆဲ Pete နိုးမည်စိုး၍ Ae အသာထကာဖုန်း ကိုင်ရန် Contanct name ကြည့်မိတော့ unknown ကိုမြင်လိုက်ရ၍ စိတ်ထဲသိပ်ဘဝင်မကျ စကားပြောလိုက်လျှင် Pete နိုးမည်စိုး၍ ဖုန်းကိုဧည့်ခန်းထဲရောက်မှကိုင်လိုက်သည်

Ae:Hello

Unknown:hello babe လေးနေမကောင်းဘူးဆို ကိုကိုလာခဲ့ရမလား

Ae နားထဲသို့သံရည်ပူများလောင်းချလိုက်သည့်အတိုင်းပင် ထိုနာမ်စားများကြားရသည့်အချိန်ဘယ်ဘက်ရင်အုံသည်တဆစ်ဆစ်အောင့်တက်လာခဲ့သည်

Unknown:hello babe ဘာလို့ပြန်မပြောတာလဲ မင်းချစ်သူကိုမထိခိုက်စေချင်ဘူးမလား Tar လိုမျိုး......

Ae:အယုတ်တမာကောင် မင်း...မင်းTrump မလား

Unknown:Pete မဟုတ်ဘူးလား

Ae:ခွေးကောင် ငါကသူ့ချစ်သူကွ မင်း Pete ကိုစိတ်ဒုက္ခထပ်မပေးပါနဲ့ အေး သတိပေးရဲ့သားနဲ့ရှေ့ဆက်တိုးမယ်ဆိုရင်တော့ မင်းဘဝထောင်နန်းစံသွားရမယ်လို့မှတ်ထားပါ

Ae ပြောပြီးပြီးချင်းဖုန်းချကာ စက်ပိတ်လိုက်သည် ပြီးနောက်အိပ်ခန်းထဲပြန်ဝင်လာတော့ ကိုယ်တော်ချောလေးကကျွန်တော့်နေရာမှာဖက်ခေါင်းအုံးလေးကိုတင်းကျပ်စွာဖက်၍အိပ်ပျော်နေသည်

Ae(POV):*တောက်* ဖက်ခေါင်းအုန်းက ငါ့နေရာဝင်ယူသွားပြီ

Ae Pete အိပ်နေတဲ့အနားလေးကပ်သွားကာ အိပ်ပျော်နေသောချစ်သူကိုသေချာကြည့်နေ၏

Ae(POV):မင်းဆီကိုပျော်ရွှင်မှုတွေပဲယူလာပေးချင်တယ် Pete မင်းကြုံတွေ့ခဲ့ရတဲ့အရိပ်ဆိုးကြီးကိုငါအတတ်နိုင်ဆုံးဖျောက်ဖျက်ပေးပါ့မယ်

Ae Pete ရဲ့ခေါင်းလေးကိုပွတ်ပေးနေရင်းမှ နဖူးလေးကိုအသာနမ်းလိုက်သည် ပြီးနောက် Pete နိုးလာရင်စားရန်ပြင်ဆင်ဖို့ မီးဖိုချောင်ဘက်ထွက်လာခဲ့သည်

Ae မီးဖိုချောင်တစ်ခုလုံးပတ်ရှာနေသော်လည်းထွက်လာသည်က ခေါက်ဆွဲခြောက်ထုပ်များသာ

My Hero Ae[Completed]Where stories live. Discover now