Part 17

1.4K 125 21
                                    

Zawgyi

ချစ်သူနှစ်ယောက်အတွက်သာယာသော မနက်ခင်းလေးတစ်ခု....ကုတင်ပေါ်တွင်တစ်ယောက်ကိုတစ်ယောက်ဖက်ကာ ချစ်ခြင်းများစွာဖြင့်အိပ်စက်နေသောလူသားနှစ်ယောက်...

Ae အိပ်ရာကနိုးနိုးလာခြင်းမြင်လိုက်ရတာ အရမ်းချစ်ဖို့ကောင်းတဲ့ကောင်လေး၏မျက်နှာ
Ae(POV):ငါနိုးထခဲ့တဲ့ဘယ်မနက်ခင်းကမှ ဒီလောက်မလှပခဲ့ဘူး မနက်တိုင်းဒီလိုလေးပဲထာဝရနိုးထချင်တယ် ကိုယ့်ကလေးလေးရယ်

Pete အိပ်နေသည်ကို Ae တစ်စိမ့်စိမ့်ကြည့်နေကာ အချိန်တွေကကုန်မှန်းမသိကုန်လာခဲ့သည် နေတောင်အတော်မြင့်နေလေပြီ ဒီအိပ်ပုတ်လေးကတော့ အတွေးပင်မဆုံးသေး Pete လူးလွန့်လာကာ

Pete:ဝါးးးးးးးးးးး.......အင်းးးး အင် Aee kharb နိုးနေတာလား ကြာပြီလား

Ae:ကိုယ် ၆နာရီခွဲလောက်ကနိုးနေတာ အခုဘယ်နှစ်နာရီရှိပြီလဲ အိပ်ပုတ်လေး

Ae ပြောမှနာရီလှမ်းကြည့်မိတော့ ၉နာရီတောင်ထိုးတော့မယ် ထိုအခါမှ မျက်လုံးပြူးမျက်စံပြူးဖြင့်
Pete:Aeee ဒီနေ့အတန်းရှိတယ်မလား နောက်ကျနေမယ် လေ

Ae:ဒီနေ့ဘာအတန်းမှမတက်ဘူး ကိုယ့်ကလေးနဲ့ပဲနေမှာ မနက်ဖြန်မှတူတူ ပြန်တက်မယ်
ပြောရင်းသူ့နားကိုနမ်းမလို့ကပ်သွားတော့ ခေါင်းလေးကိုနောက်ဆုတ်ရင်း
Pete:Ae kharbbbb ဘာလုပ်မလို့လဲ

Ae:အောင်း.......နမ်းမလို့လေ မနမ်းရဘူးလား

Pete:Awwwwwww Ae ဟိုမှာ ဟိုမှာ
သူကကျွန်တော့်နောက်ကိုမျက်လုံးအပြူးသားနဲ့ လက်ညိုးတွေစွတ်ထိုးနေတော့ လှည့်ကြည့်လိုက်တယ်
Ae(POV):ဘာမှလည်းမရှိ...........

အတွေးပင်မဆုံးသေး ကုတင်ပေါ်မှထပြေးနေတယ်သူက သိလိုက်ပါပြီကျွန်တော့်ကိုဘတ်သွားတာ ဘယ်ရမလဲချက်ချင်းလိုက်ဖမ်းတော့ ရေချိုးခန်းအဝမှာမိသွားတယ်လေ

Ae:ဟိတ် အဲဒါဘယ်ကိုထွက်ပြေးတာလဲ လူကိုဘတ်ကီးရိုက်သွားတယ်ပေါ့

Pete:heeeee

Ae အကောင်ပေါက်လေးကိုဆွဲမကာခုတင်ပေါ်ပစ်ချလိုက်သည် ပြီးနောက်အပေါ်မှအုပ်မိုးကာ နူးညံ့သောအနမ်းများကိုအဆက်မပြတ်ပေးနေမိသည် မိနစ်အနည်းငယ်ကြာတော့ Pete အသက်ရှူရခက်လာပုံပင် ကျွန်တော့်ရင်ဘတ်လေးအားအသာတွန်းလာသည်

My Hero Ae[Completed]Where stories live. Discover now