Zawgyi
Next day morning..............
Ae တစ်ယောက်နိုးနိုးလာချင်း ဘေးနားက ကလေးလေးကိုလက်ဖြင့်စမ်းလိုက်တော့ အိစိအိစိကြီးဖြစ်နေသောကြောင့် မှေးနေသည့် မျက်လုံးများပင် ပြူးသွားကာကြည့်တော့ ဖက်ခေါင်းအုန်းကြီးဖြစ်နေသည် နာရီလှမ်းကြည့်တော့လည်း 7 နာရီခွဲ
Ae(POV):ဒီကလေး ဒီအချိန်မနိုးဖူးပါဘူး ဘယ်ရောက်နေလဲမသိဘူး
ပြောရင်းရေချိုးခန်းထဲဝင်ကြည့်တော့လည်းမတွေ့ ဧည့်ခန်းသွားကြည့်တော့လည်းမတွေ့ နောက်ဆုံးမီးဖိုချောင်လဲဝင်ကြည့်ကော
တွေ့ပါပြီဗျာ Apron အနီရောင်လေးနဲ့ မီးဖိုချောင်မှာ ဟိုဘက်ပြေးပြီးစာအုပ်သွားကြည့်လိုက် ဒီဘက်ပြန်လာပြီးဟင်းအိုးမွှေလိုက်နဲ့ သူ့တစ်ယောက်ထဲ အလုပ်ကိုရှုတ်နေရောပဲAe:ကလေး
Pete လှည့်ကြည့်ကာ ချစ်စရာအကောင်းဆုံးအပြုံးလေးတစ်ပွင့်ဆင်လျက်
Pete:Ae နိုးလာပြီလား
Ae ဘာတစ်ခွန်းမှမပြောဘဲ Pete အနားကိုတိုးတိုးလာတော့ Pete လည်းကြောင်ကြည့်နေမိသည် ရုတ်တရက်ဆိုသလို Ae Pete ရဲ့အောက်နှုတ်ခမ်းလေးတွေကို ဖိကိုက်လိုက်သည် Pete နာသွားသဖြင့် Ae ကိုရင်ဘတ်မှတွန်းလာကာ
Pete:ဟင့် ဘာ..ဘာလုပ်တာလဲ နာတယ်
Ae:အပြစ်ပေးတာလေ
Pete:ဟွန့် Ae ကလဲ Pete ကဘာအပြစ်လုပ်လို့လဲ
Ae:ကိုယ့်ကိုဘယ်လိုခေါ်ရမယ်လို့ပြောထားလဲ
Pete မျက်နှာလေးရဲသွားကာ
Pete:Ae ကို Ae လို့ပဲခေါ်မှာပေါ့ ဘာလဲနှာဘူးကြီးလို့ခေါ်ရမှာလား အဟိ
Ae:ဟာ ဒီကလေးတော့ တွေ့မယ် လာခဲ့လာ ဘယ်လိုခေါ်ရမလဲ မသိမချင်းပြန်မလွှတ်ဘူး
Ae Pete အနားသို့အတင်းကပ်သွားကာမှ
Pete:အားးးးးး လုပ်နဲ့ သိတယ် သိတယ် နောက်တာ
Ae:သိရင် ခေါ်လေ
Pete:ကိုကို ကိုကို
စူပုတ်ပုတ်လေးခေါ်နေတဲ့ကောင်လေးက ချစ်ဖို့ကောင်းလှသည်Ae:ဒါနဲ့ ဒီနေ့ မထစဖူးအစောကြီးထပြီးဘာတွေချက်နေတာလဲ
Pete:ကိုကို့ ကို Pete ချက်ကျွေးကြည့်ချင်လို့ စာအုပ်ကြည့်ပြီး ကိုကို ကြိုက်တဲ့ Kao Pad လုပ်နေတာ
YOU ARE READING
My Hero Ae[Completed]
Romantikကျွန်တော့်ကိုအရမ်းကောင်းတဲ့Ae အမြဲတမ်းကာကွယ်မှုတွေပေးတဲ့Ae ကိုကျွန်တော်အရမ်းချစ်တယ်