Zawgyi
Pete တစ်ယောက် လန့်နိုးလာသည် ပတ်ဝန်းကျင်ကိုကြည့်မိတော့ သူဆေးရုံရောက်နေမှန်းသိရသည် လက်တွင်လည်း Drip ချိတ်ထားရသည် ထိုအချိန် ခေါင်းထဲဝင်လာသည်က
Ae....
Pond:Ai Pete!!!Pete သတိရလာပြီလား
Pete:Pond!!Ae Ae ကော Ae ဘာမှမဖြစ်ဘူးမလား ဟင်
Pete မေးခွန်းကိုပြန်မဖြေဘဲ မျက်ရည်တွေသာတွင်တွင်ကျနေသော Pond ကြောင့် Pete စိတ်တွေရူးမတတ်ဖြစ်လာသည်
Pete:Pond ကျွန်တော်မေးတာဖြေလေ Ae ကောလို့ Ae ဘာမှမဖြစ်ဘူးလို့ကွှန်တော့်ကိုပြော ဟင့် ဟင့် ပြောပါဆို!!!!
Pete Pond ကိုဆောင့်တွန်းလိုက်ကာ လက်မှအပ်တွေကိုဆွဲဖြုတ်နေလေသည် Pond ဝင်ဆွဲသော်လည်းဆွဲလို့မရ ထို့နောက် ဆေးရုံခန်းအဝသို့ပြေး အသွား ဝင်တိုက်မိသောသူကိုမော့ကြည့်မိတော့
Pete:Tin!!
Pete:Tin Ae ကောဟင် Ae ဘာမှမဖြစ်ဘူးမလား အီးဟီးးးးး ငါ့ကို Ae ဆီခေါ်သွားပေးပါ အီးးဟီးး ခေါ်သွားပေးပါနော်
Tinလည်းမျက်ရည်တွေကျလာကာ
Tin:ငါခေါ်သွားပေးမယ် မင်းစိတ်ကိုအရင်ထိန်း မင်းစိတ်ငြိမ်မှငါခေါ်သွားပေးနိုင်မယ်
Tin စကားကြောင့် Pete မျက်ရည်တွေကို လက်ဖျံနဲ့သုတ်လိုက်သည်
Pete:ငါ..ငါ့ကိုခေါ်သွားပေးနော်
Tin:ငါနဲ့လိုက်ခဲ့
Tin အခန်းရှေ့တစ်ခုကိုခေါ်လာသည် ပြီးတော့မျက်ရည်တွေကျနေသည်
Pete(POV):ဘာတွေလဲ!!!ဘာတွေလဲကွာ!!!
Pete:Tin Ae ကဒီထဲမှာလား
Tin မျက်ရည်တွေကြားမှ ခေါင်းငြိမ့်ပြသည် ကျွန်တော် အခန်းထဲဝင်ဖို့အလုပ် ကျွန်တော်လက်ကောက်ဝတ်ကို Tin လှမ်းဆွဲလာသည်
Tin:Pete မင်းစိတ်ခိုင်ခိုင်ထားနော် ငါတို့ရှိတယ်သိလား ဘာမှမဖြစ်ဘူးနော် နော် Pete
Pete:Tin Tin မင်းဘာတွေပြောနေတာလဲကွာ
Tin လက်ကိုဖြုတ်ချပြီး အခန်းတံခါးဖွင့်လိုက်သည်
ကျွီ~~~~~~~
Pete:Ae~~
ပါးစပ်အဟောင်းသား ဖြစ်သွားရသည် မြင်လိုက်ရသောမြင်ကွင်းကြောင့် ရင်ထဲမှာတစ်ခုခုဆုံးရှုံးသွားသလိုဟာတာတာကြီးခံစားလိုက်ရသည် မျက်ရည်များက ထိန်းချုပ်မရတော့
Ae လား Ae ရှိတာပေါ့ ကျွန်တော့် ရှေ့က ကုတင်ပေါ်မှာ Ae ရှိတယ်လေ အဝတ်ဖြူလေးလွှမ်းခြုံထားပြီး အသက်မဲ့နေတဲ့ ကျွန်တော်အရမ်းချစ်ရသူ
YOU ARE READING
My Hero Ae[Completed]
Romanceကျွန်တော့်ကိုအရမ်းကောင်းတဲ့Ae အမြဲတမ်းကာကွယ်မှုတွေပေးတဲ့Ae ကိုကျွန်တော်အရမ်းချစ်တယ်
![My Hero Ae[Completed]](https://img.wattpad.com/cover/184404262-64-k689253.jpg)