Zawgyi
Tin နဲ့ Can ထွက်သွားပေမယ့် Ae ကတော့ထိုခုံလေးမှာပဲထိုင်လျက်ကျန်နေခဲ့သည်
Ae(POV):မင်းမှာဒီလောက်ကြောက်ဖို့ကောင်းတဲ့အရိပ်ဆိုးတွေရှိနေမယ်ဆိုတာငါတကယ်မတွေးခဲ့မိဘူး
Ae ညနေရောက်တော့ Pete တို့မေဂျာဘက်မှာသွားစောင့်နေခဲ့သည် ကျောင်းသားတွေအကုန်ထွက်လာသော်လည်းထွက်လာသူတွေကြား Pete မပါခဲ့
Boy1:ဒီနေ့ Pete ဘာဖြစ်နေလည်းမင်းသိလား သူ့ကြည့်ရတာစိတ်နဲ့လူနဲ့မကပ်သလိုပဲ
Boy2:အေးငါတို့သင်တန်းမှာသူ့လောက်ရေကူးကျွမ်းတာသူပဲရှိတယ် အဲဒါကိုဘယ်လိုလုပ်ပြီးနစ်သွားလည်းမသိဘူး
Ae တစ်ယောက်သူ့ဘေးနားမှဖြတ်သွားသောကျောင်းသားများစကားကိုကြားပြီး စိုးရိမ်မှုတို့ကအတိုင်းအဆမရှိတော့ပေ
ဘာကိုမှ စဉ်းစားမနေဘဲသူတို့မေဂျာထဲ ဝင်သွားတော့ ရေကူးကန်တွင်လူတစ်ယောက်မှမတွေ့တော့Ae:Pete!!! မင်းရှိနေလား
Ae~~~
တိတ်ဆိတ်နေတဲ့ အချိန်သူ့နာမည်ခေါ်သံမျော့မျော့လေး.......
ထိုအသံလားရာကရေကူးကန်အဝတ်လဲခန်းထဲမှ
Ae အပြေးဝင်သွားချိန် မြင်လိုက်ရသောမြင်ကွင်းမှာ သူ့လည်ချောင်းကိုတစ်ခုခုဆို့သွားသလိုပင် မျက်ရည်များအဆက်မပြတ်ကျလာသည် သူမြင်လိုက်ရသည်မှာ Pete...Pete တစ်ယောက် locker ကိုမှီပြီးထိုင်နေသည် ရေတွေလည်းစိုနေသည် ပိုဆိုးသည်မှာ သူ့လက်မှသွေးများကအဆက်မပြတ်ထွက်ကာသွေးအိုင်ထဲထိုင်နေခြင်းပင်Ae:Pete!!Pete!!! မင်းဘာဖြစ်တာလဲ
ပြောပြောဆိုဆိုဖြင့် Pete လက်မှသွေးများရပ်စေရန် locker ထဲမှအဝတ်တစ်ခုယူကာစည်းပေးလိုက်သည် သွေးများကသူ့ဘေးနားမှစီးနေသည်မှာမြင်မကောင်းတော့Ae Pete ကိုပွေ့မလို့လုပ်နေတော့
Pete:Ae~~~ ကျွန်တော်..ကျွန်တော့်ကိုမကယ်ပါနဲ့..
Pete မျက်လုံးမှေးစင်းနေရာမှပြောလာသည်ဒီလိုအခြေအနေမျိုးမှာမင်းကိုမကယ်ဘဲသေပါစေ လို့လွှတ်ထားရမှာလားအရူးလေးရဲ့
Ae:Ai Pete မင်းရူးနေလား မင်းကိုမကယ်ဘဲနဲ့မင်းသွေးထွက်လွန်နေတာကိုငါကထိုင်ကြည့်ပေးနေရမှလား
![](https://img.wattpad.com/cover/184404262-288-k689253.jpg)
YOU ARE READING
My Hero Ae[Completed]
Romanceကျွန်တော့်ကိုအရမ်းကောင်းတဲ့Ae အမြဲတမ်းကာကွယ်မှုတွေပေးတဲ့Ae ကိုကျွန်တော်အရမ်းချစ်တယ်