Part 2

1.7K 139 5
                                    

Zawgyi

အဆောင်ရှေ့ရောက်သော်စက်ဘီးကိုဒေါက်ထောက်ကာ ကျွန်တော့်ကိုကျောပေးပြီးဒူးထောက်နေသောAe ကိုကြောင်ကြည့်နေမိသည်

Pete:Ae!!!

Ae:မင်းဒီပုံစံနဲ့လမ်းလျှောက်နိုင်မှာမဟုတ်ဘူး ငါ့ကျောပေါ်တက်

Pete: ရပါတယ် Ae ကျွန်တော်Ae ကိုဒုက္ခမပေးချင်ဘူး ကျွန်တော်လမ်းပဲလျှောက်ပါ့မယ်

ပြောပြောဆိုဆိုနှင့် စက်ဘီးပေါ်မှဆင်းကာခြေလှမ်းတော့ ပထမတစ်လှမ်းတွင်ခွေကျ၍Ae လှမ်းထိန်းရသည်
Ae မပြောမဆိုနှင့်သူ့ကျောပေါ်တစ်ခါတည်းတင်လိုက်သည်

Ae: ရှည်လိုက်တာ တက်ဆိုတက်လိုက်တာမဟုတ်ဘူး

Pete:Ae ရရဲ့လား ကျွန်တော်အားနာလို့ ပြီးတော့Aeခြေထောက်က…………

Ae:ဘာလဲငါကပုလို့အားမရှိဘူးထင်တာလား

Pete:ကျွန်တော်အဲ့လိုသဘောပြောတာမဟုတ်ပါဘူးဗျ Aeကိုအားနာလို့ပါ
ပြောပြောဆိုဆို ခေါင်းလေးစိုက်ပြီး စိတ်မကောင်းဖြစ်သွားတဲ့ကျွန်တော့်ကျောပေါ်က အကောင်ပေါက်လေးကချစ်ဖို့ကောင်းလိုက်တာဗျာ

Ae:အဲလိုရုပ်ကြီးမလုပ်စမ်းပါနဲ့ ငါကမင်းကိုဆူနေတာလည်းမဟုတ်ဘူး ငါ့ကိုပူမနေနဲ့ ပြီးတော့မင်းက လေးလည်းမလေးဘူး ပေါ့ပေါ့လေး

Pete:ဒီပုံစံနဲ့ တစ်ယောက်ယောက်မြင်ရင် Ae ကိုအထင်လွဲမှာပေါ့

Ae:ကဲ မင်းရဲ့ ပါးစပ်လေးပိတ်ပြီးသေချာလိုက်ခဲ့ ပိတ်ရက် ဆိုဒီအဆောင်မှာလူသိပ်မရှိဘူး အကုန်အိမ်ပြန်ပြီးကျောင်းဖွင့်မှပြန်လာကြတာ

Pete(P.O.V):Ae ကငါ့အပေါ်အရမ်းကောင်းတာပဲ သူ့အပြုအမူတွေကိုငါဘာလို့ရင်ခုန်နေတာလဲ ငါ့ကိုယ်ငါgay တစ်ယောက်မှန်းသိပေမယ့်ယောကျာ်းမြင်တိုင်းရင်ခုန်နေတဲ့gay တော့မဟုတ်ဘူးလေ
Aeက ငါ့နှလုံးသားကိုဘယ်လိုကိုင်လှုပ်သွားရတာလဲ

Ae(P.O.V):ကျွန်တော့်ကျော ပေါ်ကအကောင်ပေါက်လေးအပေါ်ခံစားချက်တွေရှိနေသလိုပဲ ဘယ်လိုခံစားချက်လဲတော့မသိပေမယ့်
သူ့ကိုကျောပေါ်တင်လာရတဲ့ဒီအခိုက်အတန့်လေးကိုရပ်ထားချင်မိတယ်

My Hero Ae[Completed]Where stories live. Discover now