Part 10

1.1K 116 8
                                        

Zawgyi

Pete,Tin,Tar တို့ခင်မင်မှုသည်တစ်ပတ်လောက်ပင်ရှိသေးသော်လည်းတော်တော်ခင်မင်လာကြသည် မသိသူများကြည့်လျှင်သူတို့သုံးယောက်မှာငယ်ငယ်ထဲကပေါင်းလာသူများဟုပင်ထင်ကြမည်

Tin:ဟျောင့်တွေ မနက်ဖြန် weekend နော်ဘာအစီအစဉ်တွေရှိလည်း

Tar:ငါကတော့ထုံးစံအတိုင်းပဲ

Tin:ငါပါလိုက်မယ်ဘာမှလုပ်စရာမရှိဘူး ပျင်းလို့ Ai Peteမင်းကောအစီအစဉ်ရှိလား

Pete:မရှိဘူး မင်းတို့ကဘယ်သွားမှာလဲ ငါလည်းလိုက်ခဲ့မယ်

Tin:ရတယ်လိုက်ခဲ့ ငါတို့ကရေကူးကန်သွားမှာ weekend ဆိုဒီကောင်ကရေကူးကန်မှာသွားသွားကူးနေကြငါကတစ်ခါတစ်လေမှလိုက်တာ

Pete:Tar မင်းကရေကူးရတာကြိုက်တာလား

Tar:အင်း ကြိုက်တယ်ရေထဲမှာနေရတာလွတ်လပ်လို့ မင်းကော Peteရေကူးတတ်လား

Pete:သိချင်လား သိချင်မနက်ဖြန်စောင့်ကြည့်

Tin:မင်းကပြောမယ့်အရေးဈေးကိုင်နေသေးတယ်

Tar:အေးလေ အေးလေ
************************************Next day,

Tin:Ai Pete!!!!မင်းအဝတ်လဲတာကြာလိုက်တာကွာ မြန်မြန်ထွက်ခဲ့ဟ ငါတို့တောင်ရေထဲရောက်နေတာ 10 min လောက်ရှိပြီ

ရေကူကန်နှင့်အဝတ်လဲခန်းမှာကပ်ရပ်ဖြစ်သည့်အတွက် Tin တစ်ယောက် Pete အားလှမ်းအော်ခေါ်နေခြင်းပင် ထိုရေကူးကန်သည်ကြားရက်များဆိုလျှင်သင်တန်းသမားများနှင့်ရှုတ်နေတတ်သော်လည်း weekend တွင်တစ်ယောက်မှမတွေ့ရတတ်ပေ
Pete:လာပါပြီဟ မင်းတို့ကလည်း

Pete ထွက်လာ၍ရေကူးကန်ဘောင်နားတွင်မတ်တပ်ရပ်နေခိုက်ရေထဲကနှစ်ယောက်က အသက်ဘယ်နားကထွက်လို့ထွက်သွားမှန်းပင်မသိတော့ Tinဆိုလျှင်မပြူးသည့်မျက်လုံးများပင်ကျယ်လာလျက် Pete အားငေးနေမိသည်

ရေကူးဘောင်းဘီဝတ်ထား၍ ခန္ဓာကိုယ်အပေါ်ပိုင်းကအထင်းသား ဖြူဖွေးစွတ်နေသောအသားအရေပေါ်တွင် လေ့ကျင့်ခန်းမလုပ်ပါဘဲလျက် 4 packs ပေါ်နေသည်မှာ sexy ကျလွန်းလှသည်

Pete:ဟျောင့်တွေဘာလို့အဲလောက်ပြူးကြည့်နေတာတုန်း ဟျောင့်တွေ ဟာ ဟျောင့်တွေ အသက်ကောရှိသေးရဲ့လားကွာ

My Hero Ae[Completed]Where stories live. Discover now