(4)

2.6K 265 17
                                    

"ဘုန်း..... '' taejoon အိပ်နေသော စားပွဲနားသို့
လွယ်အိတ်ကိုဒေါသထွက်ထွက်နဲ့ ပစ်ချလိုက်သည်။ စားပွဲခုံပေါ်တွင်လှဲအိပ်နေသော taejoon နှင့် ဘေးနားကအပေါင်းအပါများကခေါင်းထောင်လာကြသည်။

"အမလေး လန့်လိုက်တာကွာ။ ဟာ chanyeol အချစ်လေး ချောလှချည်လား။ မင်းကိုကြိုက်သွားပြီကွာ ..ဟိတ်ကောင်တွေ တို့ chanyeol ကအရမ်းလှတယ် ဟုတ်တယ်မလား''

Taejoonကသူ့သူငယ်ချင်းတွေကိုသာမက johnny kai  နှင့် jungwoo အားလှမ်းပြောကာ chanyeolအားဝိုင်းစနေသည်။

"ေ-ာ ကို အချစ်လေးလား ။မင်းတို့ကြောင့်ငါဒီနေ့ဘယ်လောက်တောင်ဒုက္ခရောက်ရတယ်မှတ်လဲ
နောက်တစ်ခေါက်ဆို မလောင်းဘူးကွာ ''

Kai နဲ့ ဘေးမှာထိုင်နေတဲ့ johnny နဲ့ jungwooကြည့်လိုက်တော့လည်း စပ်ဖြဲဖြဲနဲ့ ။

"တကယ်ပြောတာပါကွာ မင်းကတကယ်ချောတာကွ။ မသိရင်မိန်းမအစစ်ပဲ။ ခန္ဓာကိုယ်ထွားနေတာလေးပဲ ။ ဟားဟား...ဒါပေမယ့် jungwoo မိန်းကလေးလိုဝတ်ရင် မင်းထက်ပိုလှလောက်မယ် ဟားဟား..''
သူငယ်ချင်းလေးယောက်ထဲမှာ jungwoo က အတော်လှသည်။ အတော်လည်းချောသလို ကြိုက် တဲ့ကောင်မလေးတွေကလည်းမနည်းမနောပင်။

"မသာကောင်တွေ မင်းတို့နဲ့နောက်တစ်ခေါက်ဆိုဘယ်တော့မှအလောင်းအစားမလုပ်တော့ဘူး ''

Chanyeolက အမှန်ပင်ဒေါသထွက်နေသည် ။ chanyeol ကကျောင်းထဲမှာ လူချစ်လူခင်ပေါကာ လူတိုင်းဝိုင်းချစ်ကြသည်။ ကောင်မလေးတွေကလည်းနှစ်သက်ကြသည် ။ taejoon က တစ်နေ့တော့ chanyeol ကိုစိန်ခေါ်လာသည်။

"Chanyeol မင်းမိန်းကလေးလို ဝတ်ကြည့်ပါလား ။ မင်း တစ်နေကုန် မိန်းကလေးလိုဝတ်နေနိုင်ရင် ငါကင်မရာဝယ်ပေးမယ်ကွာ ''

"မင်းကငါ့ကို ပိုက်ဆံမရှိဘူးဆိုပြီးလှောင်တာလား ''

"No no no မဟုတ်ဘူး... သူငယ်ချင်း အထင်မှားနေပြီ ။ မင်းကခု အတန်းထဲမှာဆို လူချစ်လူခင်အရမ်းများတယ်ကွာ။ အဲ့တော့ မင်းမိန်းကလေးလိုဝတ်ရင် သူတို့ရဲ့တုန့်ပြန်မှူဘယ်လိုနေမလဲသိချင်လို့ ။ မင်းကိုဆက်ချစ်ကြမလား ။ လှောင်ကြမလား။ ရွံသွားကြမလား သိချင်လို့ပါကွာ ။ မင်းကလည်းစိတ်ချည်းပဲ ။ငါတို့်က ငယ်ငယ်ကတည်းကပေါင်းလာတာလေကွာ ။ အဲ့လိုလုပ်ပါ့မလား ။ မင်းပဲဟိုတနေ့ကပြောတာ ကင်မရာလိုချင်တယ်ဆို ''

DESTINED (Completed)Where stories live. Discover now