(46)

1.9K 235 14
                                    

ကုတင်အောက်ကို ခြေနှစ်ချောင်းချ ခေါင်းကို ငိုက်စိုက်ပြီးကြမ်းပြင်ကိုပဲ စိုက်ကြည့်နေစဉ် ကျွီ ကနဲ ပွင့်သွားသောအသံကြောင့် chanyeol ပြန်လာပြီမှန်း တပ်အပ်သိလိုက်သည်.....။

ပြုံးမိရာကနေ chanyeol ရဲ့ပုံစံကြောင့် yifan မျက်နှာပင်ပျက်သွားရ၏ ။

Chanyeol ရဲ့ suit အကျီ ဖြူဖြူမှာ ခရင်တွေနဲ့ပေကျံလို့...။ ဒါက မွေးနေ့တစ်ခုကနေပြန်လာတယ်ဆိုတဲ့ သင်္ကေတမလား ။ ဘယ်သူ့ကိုမွေးနေ့လုပ်ပေးတာလဲ kris ကိုပဲလား ဟု yifan တပ်အပ်ထင်မိသည်....။ ခါတိုင်းစိတ်နဲ့ဆိုရင်တော့ ဒေါသတကြီးဖြင့် chanyeol အားဆွဲခါရမ်းပြီး ဘယ်ကိုသွားခဲ့တာလဲ ဘာကိုလုပ်ခဲ့တာလဲ စသည်ဖြင့် မေးမြန်းမိမှာအမှန်ပင်...။

ဒါပေမယ့် ယနေ့က မိမိမွေးနေ့ဖြစ်နေတာတစ်ကြောင်း chanyeol နဲ့ပြိုင်ပြီးရန်မဖြစ်လိုတော့သည်ကတစ်ကြောင်းမို့ စိတ်ကို လျှော့ထားရသည်....။ ဒီနေ့က kris ရဲ့မွေးနေ့လည်းဟုတ်ပေမယ့် ကိုယ့်အမျိုးသားဖြစ်တဲ့သူကိုကျော်ပြီး ယောက်ဖဖြစ်သူကို လုပ်ပေးတာက chanyeolဟာ အမေကျော် ဒွေးတော်လွမ်းရာမကျဘူးလား ဟု yifan ထင်မိသည်...။ ဒါပေမယ့် ဘာမှတော့ မပြောဖြစ်ပဲ ပြုံးပြလိုက်သည်...။

"Fanfan....ဘယ်တုန်းရောက်တာလဲ''

Chanyeol က အံ့သြပုံနဲ့မေးသည်... ။ chanyeol ကြည့်ရတာ yifan ဒီအချိန်ထိပြန်မရောက်လောက်သေးဘူးဟု ထင်လို့ဖြစ်လိမ့်မည်...။

"အင်း... ခုနကမှရောက်တာ''
တကယ်ဆို yifan စောင့်နေတာကြာပြီဖြစ်သော်လည်း လိမ်ပြောလိုက်သည်...။ ၁၂နာရီတောင်ကျော်နေပြီလေ။ yifan က ညဆယ်နာရီကတည်းက ရောက်နေခြင်းဖြစ်သည်...။

"အင်း... အဝတ်စားလဲဖို့ ကျွန်တော်ထုတ်ပေးမယ်နော် ခဏစောင့်...''

Chanyeol က အဝတ်ဘီရိုဆီသွားပြီး အဝတ်ထုတ်ပေးမယ်လုပ်ပေမယ့် yifanကတားသည်....။

"နေ...နေ ရတယ် ကိုယ်ပဲ ထုတ်လိုက်မယ်... မင်းလည်း ခရင်တွေပွနေတာဆိုတော့ ရေချိုးခန်းထဲမှာ သန့်ရှင်းရေးလုပ်လိုက် ကိုယ် မင်းဝတ်ဖို့ ထုတ်ထားပေးမယ်....''

Yifan ကပြောပြီး chanyeol အားအဝတ်မထုတ်ခိုင်းစေပဲ ကိုယ်တိုင်သာထုတ်၏။

DESTINED (Completed)Where stories live. Discover now