(5)

2.4K 271 9
                                    

အိမ်ပြန်လာတော့ တစ်အိမ်လုံးက ရှုပ်ပွလို့ ။

မေမေနဲ့ဖေဖေရန်ဖြစ်ထားကြဟန်တူသည်။ အိမ်မှာနေရတာလည်းအတော်ပင်စိတ်ပျက်လှသည် ။ အဖေကလည်း လူရိုးကြီးဖြစ်ပြီး အားနေစာပဲထိုင်ရေးနေတော့ အလုပ်ကမရှိ ။ အမေတစ်ယောက်တည်း ဈေးထဲတွင်ဆိုင်ဖွင့်ကာ လူလေးယောက်စာကိုရှာဖွေရသည်။ အမေပင်ပန်းလာတဲ့အခါမျိုး ဈေးသိပ်မရောင်းရတဲ့အခါမျိုးဆိုရင် အမေကအဖေ့ကိုရန်ထောင်သည် ။ ကွာရှင်းကြမယ်ချည်းပြောနေသည်မှာ အတော်ပင်စိတ်ကုန်နေပြီ ။ သူတို့ရန်ဖြစ်ရင် ညီအစ်ကို နှစ်ယောက်လုံးကလည်းနေစရာမရှိ ။

ဧည့်ခန်းထဲရောက်သွားမှ အဖေနဲ့အမေက ခေါင်းချင်းဆိုင်ကာ ဘာတွေပြောနေလည်းမသိ။

"ရန်ဖြစ်ထားကြပြန်ပြီလား '' chanyeol က မတ်တပ်ရပ်လျက် လွယ်အိတ်ကြိုးကိုတင်းတင်းဆုပ်ထားသည် ။ ထပ်ရန်ဖြစ်ကြရင်တော့ အိမ်ကထွက်သွားတော့မှာ.....။

အမေနဲ့အဖေက ကျွန်တော်မိန်းကလေးလို ပုံစံဝတ်ထားတာမြင်ပြီး မေးသည် ။

"သား..သားပုံစံက ဘယ်လိုဖြစ်တာ ''

"မမေးနဲ့ မဖြေချင်ဘူး ဒီလိုပဲ ဟိုကောင် taejoon ကြောင့် ။ မေးတာသာဖြေပါ ရန်ဖြစ်ထားကြတာလား ။''

"မဟုတ်ပါဘူး ။ ဆွဲကြိုးရှာနေကြတာ သားအဘိုးပေးထားတဲ့ဆွဲကြိုးလေ ''

အဘိုးပေးထားတဲ့ဟာ?
"ဒီဟာလား '' ကျွန်တော်ဆွဲထားတဲ့ ဆွဲကြိုးလေးကိုထုတ်ပြတော့ လင်မယားနှစ်ယောက် ဟုတ်တယ်ဆိုကာ ထဖက်ကာ ခုန်ကြသည်။

ဘာတွေမှန်းတော့နားမလည်ပါ ။

"မေမေဒီနေ့သားပင်ပန်းလာတယ် ။ မေမေတို့ရှုပ်ထားသမျှမရှင်းနိုင်ဘူးနော် အခန်းထဲအရင်ဝင်မယ် ''

အခန်းထဲဝင်မည်လုပ်တော့ အမေက လှမ်းတားသည်။

"နေပါဦး...သားကိုပြောစရာရှိတယ် ''
ကျွန်တော့်ကို အတင်းထိုင်ခိုင်းသည် ။

"သားစိတ်အေးအေးထားနော် ''
ဘာအရေးကြီးကိစ္စလည်းတော့မသိ ။ ဒီမျိုးချော့မော့ပြောတာက ခါတိုင်းမေ့မေ့ပုံစံမဟုတ်ပေ။

DESTINED (Completed)Tempat cerita menjadi hidup. Temukan sekarang