(10)

2.5K 271 8
                                    

Wu yifan ကို chanyeol သယ်သွားသော မြင်ကွင်းအစအဆုံးကို တစ်ယောက်ယောက်က ကင်မရာဖြင့် မှတ်တမ်းတင်ထားကြောင်းမည်သူမျှမသိလိုက်ကြ ။

Wu yifan ခန္ဓာကိုယ်ကြီးသယ်လာရတာ အတော်ပင်ပန်းသည် ။ သူ့ကိုယ်ကြီးသယ်ထားရင်း အိမ်ရှေ့တံခါးဖွင့်တော့ နှစ်ယောက်သား ဝုန်း ဆိုပြီးလဲသည် ။

အသံတွေကြားလို့ထင်သည် ။ အိမ်ထဲက မီးလင်းလာပြီး အမေတို့ အဖေတို့်ထွက်လာကြသည် ။

သူခိုးထင်လို့နေမည် ။ တံမြက်စည်းတွေကော တုတ်တွေကော ယူလာပြီးရိုက်မယ်လုပ်ရာ အမေ့သားပါလို့အော်ပြောရသည် ။ ထိုမှ အမေနဲ့ အဖေတို့လည်း လန့်သွားကြသည် ။

"မေမေတို့ လာကူကြပါဦး ''

Wu yifan ကိုသယ်ရတာအတော်လေးသည် ။ လူလား ဝက်လား ။

"သား ဘယ်သူလဲ သူက ''

"Wu yifan ''

"ဘာ...''

အံ့သြတကြီး လာဆွဲထူကြသော အမေတို့မှာ မေးခွန်းတွေများနေမှာတော့ အမှန် ။ မဖြေအားသေးဘူး။ Wu yifan ကို အခန်းထဲသွင်းပေးရဦးမှာ ။
အမေက မေးမယ်လုပ်တော့ အရင်ဝင်ဟန့်ရသည် ။

"မေမေ နောက်မှမေး မနက်ဖြန်ပြောပြမယ် ။ လောလောဆယ် အခန်းထဲကူရွေ့ပေးပါ ''

Wu yifanကို အိပ်ယာပေါ်တင်ပြီးမှပဲ အသက်ကောင်းကောင်းရှုရတော့သည်။

"မေမေတို့ ဆက်အိပ်လိုက်တော့ '' အရစ်ရှည်နေမည်စိုး၍ အခန်းအပြင်သို့အမြန်နှင်ထုတ်ရပြန်သည် ။

Wu yifan ကိုအကျီတွေချွတ်ပေးရသည် ။သူကလည်း ဒေါသမောဟတွေများလိုက်တာ ။ လူကိုဆွဲထိုးမယ်ဆိုတာချည်းပဲ ။ အိပ်ပျော်နေတော့လည်း ပါးစပ်ကဟလို့ သနားစရာလေး ။

သတိရမိလို့ခြေထောက်ကိုကြည့်တော့ ခုနက အရှိန်နဲ့မှောက်လဲထားတဲ့နေရာက ဘောင်းဘီပါပြဲပြီး ဒူးပွန်းနေသည် ။ ကတ္တရာပေါ် ဒူးထောက်မိတာမို့ သွေးပါထွက်နေသည် ။

ဆေးထည့်ပေးမယ်လုပ်တော့ သူဝတ်ထားတာက ဂျင်းဘောင်းဘီအမည်း ကြပ်နေသည်မို့ ဒူးအထိ ဘောင်းဘီကို လှန်တင်လို့မရ ။ မထူးပါဘူးဆိုကာ ဘောင်းဘီချွတ်ပေးပြီး ကိုယ့်ဘောင်းဘီတိုအပွနဲ့ လဲပေးရသည် ။ ဘောင်းဘီ ချွတ်ပေးတော့လည်း ရှက်မနေ ။ အောက်ကboxer ပါတာပဲကို ။ ယောကျာ်းလေးချင်းအတူတူပဲ size ပဲကွာမယ် ။ အား ဘာတွေတွေးနေတာလဲ Park chanyeol.....။

DESTINED (Completed)Tempat cerita menjadi hidup. Temukan sekarang