(16)

2.3K 294 27
                                    

Chanyeol ကိုပွေ့ချီလာတော့ လမ်းက အစေခံတွေအကုန်လုံးက အံ့သြတကြီးကြည့်နေကြသည် ။ အစ်မတော်နှင့်လည်းတွေ့တော့ အစ်မတော်ကလည်း အံ့သြနေပုံ။

"ဟဲ့ မင်းသား နင်က ဘယ်လိုတွေဖြစ်လို့ ''

"စကားမများစမ်းနဲ့ ''

"အစ်မတော် သူကျွန်တော့်ကိုအတင်းခေါ်လာတာ ။ တစ်ခုခုလုပ်ပေးပါဦး '' chanyeolကအစ်မတော်ကိုပြောပြီးအစ်မတော် အားကိုးနှင့် Yifan လက်ထဲက ရုန်းသည် ။

"ငြိမ်ငြိမ်နေစမ်း မင်းခန္ဓာကိုယ်ကြီးကို ဟိုကနေဒီအထိသယ်လာရတာ ပေါ့ပေါ့လေးများမှတ်နေလား ''

"အဲတာဆိုအောက်ချပေးလေ ''

"မချပေးဘူး ''

Chanyeol နဲ့ yifan မျက်လုံးချင်းပြူးကြီးစိုက်ကြည့်ကာ ဘေးမှာရှိတဲ့အစ်မတော်ကိုမေ့ပြီးစကားများနေကြသည် ။ အစ်မတော်ကပြုံးပြုံးကြီးကြည့်နေသည်။

"အစ်မတော်လုပ်ပါဦး '' chanyeol ကအသနားခံသည်။

"အစ်မတော် ဒါငါ့ကြင်ယာတော် ငါ့ကိစ္စနော် ။ နင်ဝင်မပါသင့်ဘူးထင်တာပဲ ။ ငါခဏနေ အဆောင်ကိုခေါ်သွားမှာဆိုတော့...နင် နားလည်တယ်မလား '' Wu yifan ကအစ်မတော်ကိုမျက်လုံးဖြင့် အချက်ပြသည် ။

"အချစ်စမ်းနိုင်တဲ့သူတွေစမ်းကြပါ....ဒါနဲ့မင်းသား နင်လက်မဆက်ရသေးဘူးဆိုတာသတိရဦး...''

"အေးပါ...သိတယ်... မြန်မြန်သွား ''

အစ်မတော်က သွားပြီဟုဆိုကာ ထွက်သွားသည်။

"Wu yifan လူယုတ်မာ.... ဘာလုပ်မလို့လဲ ''

"ဘာလုပ်မယ်ထင်လဲ ''

"လွှတ်နော်.....ခုလွှတ် '' chanyeol ကရုန်းနေစဉ် တကယ်ကြီးလွှတ်ချလိုက်သော Wu yifan....။

Chanyeol ခါး တော်တော်နာသွားသည်။ တင်ပါးလည်းအောင့်သည် ။ ခြေထောက်ကလည်းနာသေးသည် ။ Wu yifan တကယ်ကြီးလွှတ်ချတာပဲ ။ (ಥ⌣ಥ)

"ကဲကျေနပ်ပြီလား မင်းပဲလွှတ်ဆိုလို့ လွှတ်ချပေးလိုက်တာနော် ''

အတော်ကိုရွဲ့သည့် Wu yifan ပါပင် ။ နာတာရော ဒေါသထွက်တာပါရောပြီး ငိုချင်လာသည်။

"Omma ရေ သားကို အနိုင်ကျင့်နေပါတယ် ဗြဲ '' chanyeol ကအော်ငိုသည်။ အစေခံတွေကလည်း ဖြတ်သွားသည်မို့ လှည့်ကြည့်လှည့်ကြည့်နှင့် ။

DESTINED (Completed)Where stories live. Discover now