(35)

2K 295 25
                                    

chanyeol ရဲ့ ခြေထောက် တစ်ဖက်က yifan အပေါ်မှာ....။လက်တစ်ဖက်က yifanမျက်နှာပေါ်တင်လို့်...။အိမ်မက်ယောင်ရင်း yifanကို သွားကန်လိုက် ရိုက်လိုက်ဆိုတော့ ဆက်အိပ်လို့မရတာနဲ့ ဖုန်းက နာရီကိုကြည့်လိုက်တော့ မနက် နှစ်နာရီခွဲပဲရှိသေးတယ်...။ ပါးစပ်ကလည်းဟလို့ မျက်ခွံမို့မို့လေးတွေကလည်းဖောင်းနေသေးတယ်....။ တစ်ကိုယ်လုံးကလည်း ကားယားကြီး... ကုတင်တစ်ခုလုံး chanyeol ပဲယူထားတာ.....။ ညက အလယ်မှာထား ထားတဲ့ ခေါင်းအုံးကလည်း ကုတင်အောက်မှာ....။

ဒီကောင်လေး ဘယ်လိုတောင် အိပ်ရေးကြမ်းတာလဲ။ ヽ(o'皿′o)ノ

ခြေထောက်ကိုဖယ် လက်ကို သူ့ဗိုက်ပေါ်ပြန်တင်ပေး စောင်းနေတဲ့ ကိုယ်လုံးကိုပြန်တည့်ပေးရသေးတယ်...။ အားရပါးရအိပ်နေလိုက်တာများ ဆင်တက်နင်းလို့တောင်နိုးမယ့်ပုံမပေါ်ဘူး....။ ကောင်စုတ်လေး...။ (¬、¬)

Chanyeol နေရာကိုသေချာချပေးပြီးမှ ပြန်အိပ်နိုင်တယ်...။ အဲဒီအချိန် လူကို ခွလုံးမှတ်လို့လာဖက်တာထင်ပါရဲ့...။ အတင်းခွပြီး ပါးကို ရင်ဘတ်ပေါ်မှာလာအပ်ပြီး အိပ်နေတယ်..။အစကတော့ တွန်းဖယ်ပေမယ့် ဖယ်လို့မရတာမို့ ဒီတိုင်းသာအိပ်လိုက်ရတော့တယ်...။

Chanyeol နိုးလာတော့ သူ yifan ကိုဖက်ရက်သားကြီး အိပ်နေတာတွေ့တော့ လန့်သွားတယ်...။ yifanရဲ့ ရင်ဘတ်ပေါ်မှာ သွားရည်တွေ...။ Wu yifan ကလည်းမနိုးသေးဘူး...။.အားတော့ နာပါတယ်....။ Wu yifan သာအသန့်ကြိုက်တတ်တဲ့သူဆိုရင် နိုးလာလို့ သူ့အကျီပေါ်က သွားရည်ကွက်ကြီးကိုမြင်ရင် ဒေါသထွက်တော့မှာ... ။ (ಠ_ಠ)

ဒါနဲ့ ဘယ်အချိန်ကတည်းက Wu yifan ရဲ့ရင်ဘတ်ပေါ်မှာ အိပ်နေမိတာလဲ...။.

Wu yifan မနိုးအောင် အသာထ ရေချိုးခန်းထဲအသာလေးဝင် မျက်နှာသစ်ပြီးထွက်လာတော့ Wu yifan က ကုတင်ပေါ်မှာ ငုတ်တုတ်ကြီး..
။ အမလေး လန့်လိုက်တာ...။

အိပ်ရာထစမို့ ဖွာလန်ကြဲနေတဲ့ဆံပင်ရယ် မို့အစ်နေတဲ့ မပွင့် တပွင့် မျက်လုံးတွေရယ် ဆူထားတဲ့နှုတ်ခမ်းရယ် အိပ်ချင်မူးတူးနဲ့ ငိုက်နေတဲ့ပုံစံရယ် အဒေါ်ကြီးတွေဝတ်သလိုမျိုး စပန့်ဘောင်းဘီကြီးရယ်နဲ့ Wu yifan ပုံစံက သိပ်ရယ်ရစရာကောင်းတယ်...။

DESTINED (Completed)Where stories live. Discover now