3

649 75 4
                                    










ဒီနေ့တစ်လုံး ကျောင်းမှာ ဘာတွေသင်လို့ သင်မှန်း
မသိခဲ့ပါ...
ဒါတွေကလည်း ပုံမှန်ပါဘဲ သူ့လို စာထဲစိတ်မ၀င်စားတဲ့ ကျောင်းသားအတွက်တော့
စာမလုပ်လို့ဆိုပြီး အထင်တော့ မသေးကြနဲ့
သူက ဥာဏ်သိပ်ကောင်းတာ စာမေးပွဲဖြေဖို့ တစ်ပတ် အလိုမှ
စာကျက်တာတောင် သူများတွေထင်ထူးထူးချွန်ချွန်အောင်မြင်ခဲ့တယ်တဲ့လေ

အဲ့ဒီနောက်ပိုင်း သူပျင်းလာသည်
စာသင်ချိန်တိုင်း မှောက်ပအိပ်နေတတ်သည်
တခါတရံတော့ အတန်းလစ်ပြီး သူငယ်ချင်းတွေနဲ့ အပြင်ခိုးထွက်သည်
ဒါပေမယ်လည်း အမြဲလိုလိုတော့ မဟုတ်ဘူးရယ်
အတန်းလစ်တာ အကြိမ်များသွားရင် သတင်းက အိမ်အထိရောက်နိုင်တယ်လေ
Omma ရှေ့မှာတော့ သားလိမ္မာလေး အဖြစ် jeno ဖြစ်ချင်သည်
သို့သော်ငှားလည်း ကွယ်ရာ မှာ ဆိုးချင်တိုင်ဆိုးပေသော ကျောင်းသားလေးတစ်ယောက် သာ
ဒါတောင် အထက်တန်းကျောင်းသားမို့ တော်သေးတယ်လို့ပြောရမလား


မကြာခင်ကမှ
ကျောင်းဆင်း ခေါင်းလောင်းသံကြောင့်
ကျောင်းသားတစ်ချို့ အတန်းထဲမှပြန်သွားကြကုန်သည်

ဒါပေမယ့် ငပျင်းတစ်ဖွဲ့ကတော့ အတန်းထဲမှာ ကျန်ရစ်ခဲ့တုန်း
အခုထိ စာရေးခုံပေါ်မှာ အိပ်မောကျနေတဲ့ jeno ကို
ကြည့်ရင်း
သူတို့အားလုံး ခေါင်းခါမိကြသည်

ကျောင်းလာပါတယ်ဆိုမှ အိပ်နေရသလားလို့
သူတို့ သမိုင်းတလျှောက်လုံး jeno လို အပျင်းထူတဲ့ သူငယ်ချင်းမျိုးမတွေ့သေးဘူး
ဒါကြောင့်လဲ တွဲလိုက်တိုင်း ကောင်မလေးတွေဘက်က jeno ကို ပစ်ထားကြတာချည်း...

Markစဉ်းစားရင်း ထိုအကြောင်းအရာရဲ့ တရားခံကို
သူတွေ့ရှိသွားသည်
အကြောင်းက အပျင်းကြီးတဲ့ jeno ကြောင့်ထင်တယ်

အိပ်မောကျနေတဲ့ jeno ကတော့ သိပုံမပေါ်
နှစ်ချိုက်စွာ အိပ်ကောင်းခြင်းဖြင့် အိပ်နေသည်
မနေ့ည က သူပင်ပန်းခဲ့တာလဲပါမှာပေါ့
ဒါ့ကြောင့် တစ်ညနေလုံး အိပ်လိုက်တဲ့ အအိပ် ဆင်တက်နင်းရင်တောင်ထ မဲ့ပုံမပေါ်ဘူး

စာရေးခုံမှာ မောက်အိပ်နေတဲ့
Jenoကိုကြည့်ရင်း
အငယ်လေး နှစ်ယောက် နဲ့ Haechanက ခေါင်းခါကာ အခန်းပြင်ထွက်သွားကြသည်
Renjun ကလည်း lib ၀င်စရာရှိလို့ဆိုပြီး
စောစောစီးစီယကတည်းကပြန်သွားတာ ကြာပြီ

🄼🅈 🅽🅰︎🅽🅰︎!![NoMin] Where stories live. Discover now