( Zawgyi )ပူပြင်းလွန်းလှသည့် နေ့လည်ပိုင်း အချိန်မဟုတ်ပေမယ့် လေပြေလေညင်းတို့ တိုက်ခတ်နေသည့် နေဝင်စ ညနေခင်းတွင်ဖြစ်ပါ၏
ထို့ကြောင့် အနည်းငယ် အေးချမ်းမှုကို ခံစားနေရသည်
အပန်းဖြေရာ ကစားကွင်းကြီးတွင် အများအားဖြင့် လူငယ်တွေသာ ပြည့်လျက်ရှိနေ၏
ထို့အပြင် မိသားစုများလည်း လာရောက်၍လာပြန်သည်မို့
ညနေစောင်း လာလေ တစ်ဖြည်းဖြည်း လူတွေကများလာလို့နေပါသည်ထိုပတ်ဝန်းကျင်မှာ ကစားဖို့ အမျိုးမျိုးသော
ကစားရုံတွေသာမက မုန့်ဆိုင်တွေက များပြားလွန်းသည်
ရာသီဥတု က အတော်အသင့် အဆင်ပြေသည်မို့ လမ်းသွားလမ်းလာတို့သည်
စုံတွဲ ထိုင်ခုံလေးကိုဖြတ်သန်းကသွားလာနေကြသည်အမှန်က စုံတွဲမှမဟုတ် မည်သူမဆို အနားယူလို့ရစေရန် ယင်းကစားကွင်း၏ လျှောက်လမ်းဘေးမှာ ထိုင်ခုံတွေထားရှိထားပါသည်
ထို့အပြင် ဘေးပတ်ပတ်လည်တွင် မြက်ခင်းနုနုလေးတွေပါ စိုက်ပျိုးထားပြန်တာမို့
အတော့်ကို နေသာထိုင်သာရှိပါတယ်ခုထိတိုင် ယင်းနေရာက ထိုင်ခုံတန်းလေးမှာပင်
ကောင်လေးနှစ်ယောက်ထိုင်နေလျက်ရှိ၏
ဒါပေမယ့်လည်း လေအေးအေးလေးတွေ တိုက်ခတ်သွားပြန်တိုင်း hoodieအဖြူရောင်ပေါ် coatအရှည်ကိုပါ ထပ်ဝတ်ထားတဲ့
jaeminလေးရဲ့ ခန္ဓာကိုယ်ဟာ တစ်ချက်တစ်ချက် တုန်ရီနေသည်
လေအေးတွေကြောင့် အကောင်ပေါက်လေးရဲ့ ကိုယ်လုံးလေးမှာ ကျုံ့သွားပြန်သည်နှုတ်ခမ်းလွှာတွေကို အသာဖိထားရင်း ဒီဒါဏ်တွေကို လျစ်လျူရှုထားပြီး ပေတေနေတဲ့ အကောင်ပေါက်လေးပါ
ဘေးမှာထိုင်နေသည့် Jenoမူကား NaNaရဲ့ မျက်ဝန်းလေးတွေနဲ့ အမူအရာတွေကို သတိပြုမိသွားပုံပေါ်သည်
လျှင်မြန်စွာဖြင့် သူ့လက်တွေဟာ
jaeminnie အား ဖက်ထားလိုက်တော့သည်သူသိသည်လေ အရင်ကလို နှုတ်ခမ်းလှလှလေးတွေဟာ နီရဲမနေတော့ဘဲ ဖြူရော်နေသည်ကိုပေါ့
ဒါပေမယ့်လည်း စိတ်ထဲမှာသာသိမ်းထားရင်း
jeno ပြုံးလိုက်ပြီး အားပေးမိသည်" ဘာမှမဖြစ်ဘူးနော် NaNaဘေးမှာ ကိုယ်အမြဲရှိတယ် "
jaeminရဲ့ ကျောပြင်ကို ဖွဖွလေးပုတ်ပေးနေသည့် jeno က ကြင်နာမှုအရိပ်အယောင်တွေထင်ဟပ်လို့နေပါသည်
ထို့အတူ ကြောင်ပေါက်လေးသည်လည်း
နားလည်ခံစားရသည်မို့ ခေါင်းတစ်ညိတ်ညိတ်နှင့်သာ နှုတ်ဆိတ်နေ၏
KAMU SEDANG MEMBACA
🄼🅈 🅽🅰︎🅽🅰︎!![NoMin]
RomansaLeejeno ×Najaemin #NoMin #Romance#Myanmar ( part1-2 idea credits from the owner) မမျော်လင့်ဘဲရရှိခဲ့တဲ့ မွေးနေ့လက်ဆောင်က ချစ်စရာကြောင်လေးကနေ လူသားလေး NaNa အဖြစ်ပြောင်းလဲသွားကာ... ချစ်စရာကောင်းလွန်းတဲ့ ကြောင်ပေါက်စ သဖွယ် NaNa လေးကို မှ ပိုင်ရှင်ဖြ...