မြင့်မြတ်ကြီးမားလွန်းတဲ့ စံအိမ်ကြီး အတွင်းတွင်
ဖခင်လို့ထင်ရသူက အလွန်အမင်းဒေါသ ထွက်နေပုံရသည်မိခင်ဖြစ်တဲ့ သခင်မကြီးကတော့ စိတ်လျော့ရန်ပြောနေရပုံဘဲ
အမှန်ဆို သူတို့က သဘာဝအလွန်က အသွင်ပြောင်းလူသားတွေလေ
အဖြစ်မှန်သိမှာ စိုးလွန်း ပုန်းကွယ်ပြီးနေရတာ
လောက ကြီးမှာ မရှိဘူးဆိုတဲ့ အရာက လူတွေမသိနိုင်တဲ့ နေရာတွေမှာ ပုန်းကွယ်ပြီး ရှိနေတတ်တာဘဲလေဒါပေမယ့်လည်း လူတွေသိသွားမှာ ကြောက်တယ်
ဒါတွေကြောင့်လည်း မျိုးတူမျိုးနွယ်ဝင်တွေနဲ့သာ လက်ထပ်ရသည်
အကယ်၍ လူသားနဲသာ ယင်းတို့လက်ထပ်ခဲ့မယ်ဆိုရင်တော့...
ကြီးမားလွန်းတဲ့ အပြစ်ပေးခြင်းနဲ့အတူ သေခြင်းတရားကို ရင်ဆိုင်ရလိမ့်မယ်...ခက်တာက Na သခင်ကြီးရဲ့ သား က လွန်ခဲ့တဲ့ ၁ပတ်ကတည်းက
ပျောက်နေတာ ကြာပြီ
လူသား တွေရဲ့ အပြင်လောကကို သူ့ဆရာoh နဲ့သွားရောက်လေ့လာခဲ့ပြီး လမ်းမှာ ပျောက်သွားတယ်တဲ့လားမိဘ ဖြစ်တဲ့ သခင်ကြီးနဲ့ သခင်မကြီးတို့ ဒေါသထွက်မှာသေချာပါသည်
မဖြစ်မနေရှာမှဖြစ်မယ် အရွယ်ရောက်ပြီဆိုပေမယ့်
တော်ကြာ မဖြစ်သင့်တာဖြစ်မယ်စိုးရိမ်လွန်းတာကြောင့်ဖြစ်မယ်
ရှားပါးလွန်းတဲ့ အဖိုးတန်လှတဲ့သူတို့မျိုးနွယ်ဝင်တွေက ယုတ်ညံ့တဲ့ လူသားနဲ့ လုံးဝပတ်သက်ခြင်း မရှိရဘူးလေသေချာတာတော့ ဒေါသကြီးတဲ့ သခင်ကြီး သူ့လူတွေကို
အမိန့်ပေးကာ စေလွတ်လိုက်ပြန်သည်"အေး မင်းတို့ Na jaemin ကိုမတွေ့မချင်း ဒီကိုပြန်မလာနဲ့
ရအောင်ရှာခဲ့ ""ဟုတ်ကဲ့ပါ သခင်ကြီး
ကျွန်တော်မျိုးတို့ အစွမ်းကုန်ရှာပါ့မယ် "ထို့နောက် တပ်သားတစ်ချို့က သခင်ကြီးအား အရိုအသေပေးပြီး
ထိုနေရာမှ ထွက်ခွာလာတော့သည်
သူတို့တာဝန်က သခင်လေးNa ကို ရှာဖွေရမယ်မဟုတ်လား
သူတို့ မျိုးနွယ်ရဲ့ ထူးခြားချက်က လူတစ်ယောက်ကိုကြည့်လိုက်တာနဲ့
ထိုလူရဲ့ ဇာတ်ကြောင်းအစုံ အားလုံးသိပြီးသားလေ
YOU ARE READING
🄼🅈 🅽🅰︎🅽🅰︎!![NoMin]
RomanceLeejeno ×Najaemin #NoMin #Romance#Myanmar ( part1-2 idea credits from the owner) မမျော်လင့်ဘဲရရှိခဲ့တဲ့ မွေးနေ့လက်ဆောင်က ချစ်စရာကြောင်လေးကနေ လူသားလေး NaNa အဖြစ်ပြောင်းလဲသွားကာ... ချစ်စရာကောင်းလွန်းတဲ့ ကြောင်ပေါက်စ သဖွယ် NaNa လေးကို မှ ပိုင်ရှင်ဖြ...