6

604 57 0
                                    









အမြဲတမ်း စောင့်မျော်နေခဲ့ရတယ်
တစ်နေ့ဖြစ်လာပါဆိုပြီးတော့လည်း  တိတ်တိတ်ကလေး ဆုတောင်းခဲ့ဖူးတယ်
မတူတဲ့ အခြေနေချင်းကို သိတာတောင်မှ  မိုက်ရူးရဲဆန်ပြီး
အရာအားလုံးချန်ရစ်ကာ    သူ့ဘေးမှာ နေနိုင်ဖို့ နည်းအမျိုးမျိုးနဲ့
Na jaemin ကြိုးစားခဲ့ပါတယ်

အခုတော့ အရာအားလုံးက တကယ်ဖြစ်လာပြီ
သူ မချစ်ဘူး ဆိုရင်တောင် ဒီက ရူးမိုက်ပြီးဆက်ချစ်နေဦးမှာဘဲ
အခုလို ဖြစ်လာတယ်ဆိုရင်ဘဲ  သေလောက်အောင် ပျော်ပါတယ်
သိပ်ချစ်တယ်  jeno shi

သေချာတာပေါ့ ဒီကိစ္စဖြစ်လာပြီးနောက်
Jaemin ဒီထက်မက ရင်ခုန်မိနေတယ်
ပိုတယ်ဆိုပြီး မဟုတ်ပေမယ့်  ဒီထက်မက jeno ဆီက ဂရုစိုက်မှုတွေ လိုချင်နေတယ် ..






Kitchen ထဲမှာ ထုံးစံအတိုင်း NaNaအတွက်  စားစရာတွေလုပ်ပေးနေမိသည်
ဒီလို လုပ်ပေးနေရတော့ ရင်ထဲက အလိုလိုပျော်နေသလိုဘဲလို့
Jenoခံစားမိနေတယ်

ကင်ထားတဲ့ ပေါင်မုန့်လည်းကျက်ပြီမို့  သူ့ အပျော်ကို ခဏရပ်လိုက်ပြီး
ထိုပေါင်မုန့်တွေကို  ပန်းကန်အလွတ်မှာထည့်ကာ
ဘေးနားက နွားနို့ခွက် ခပ်နွေးနွေး ကို ယူ၍
စားပွဲပေါ်မှာ ချပေးလိုက်သည်

ထို့နောက်  သူ့အား မျက်လုံး အပြူးသားနဲ့ ငေးကြည့်နေတဲ့
ချစ်စရာ အကောင်ပေါက်လေး အနားသို့သွား၍
နီးရာ ခုံအလွတ်မှာ ထိုင်မိသည်
ထို့အပြင်  jeno က NaNa ရဲ့ ဆံပင်လေးတွေကို ဖွဖွလေး သပ်ပေးကာ တစ်စိမ့်စိမ့်ကြည့်လျက်သာ...

အခုတော့ Na jaemin တစ်ယောက် ဘယ်လိုလုပ်ရမလဲမသိတော့ဘူး
ရင်ဘတ်ထဲက နှလုံးခုန်သံတွေက တဒုတ်ဒုတ်နဲ့ ရူးချင်တာဘဲ
ပြီးတော့ ဒီအကြည့်စူးစူးတွေက အရည်ပျော်ကျစေတယ်
တောင့်ခံထားနိုင်တဲ့ ခံနိုင်ရည် မရှိတော့ဘူးထင်တယ်

NaNaတွေးမိရင်း တိတ်တဆိတ်စိတ်ထဲကနေ တီးတိုးပြောမိတယ်
ဒီတိုင်း နေလို့မဖြစ်တာမို့  လက်ချောင်းတွေက စားပွဲပေါ်က ပေါင်မုန့်တွေပေါ်ဆီရောက်မိသည်
အခုမှ ကင်ပြီးလက်စမို့  မအေးသေးဘဲ  ပူနေသေးတယ်လေ
ဒါကို NaNa သိပုံမပေါ်ဘူး

🄼🅈 🅽🅰︎🅽🅰︎!![NoMin] Where stories live. Discover now