2

687 74 18
                                    






အဆက်မပျက်မြည်နေတဲ့
Alarmသံကြောင့်
ဆက်အိပ်လို့မရမှန်း သိ၍
အိပ်ယာမှ ထ လိုက်သည်

သို့သော်လည်း
ဤမြင်ကွင်းကား  သူ့ဘ၀တွင်
တစ်ခါမျှ မမြင်ဘူးတဲ့.....
အထူးအဆန်းဆုံး မြင်ကွင်း...

သူနှင့်အတူ
ကြောင်လေး မဟုတ်ဘဲ
အခြားကောင်လေးတစ်ယောက်
က တစ်ကုတင်ထဲ တူတူအိပ်နေကြတယ်တဲ့လား

Tshirt ပွပွ ကပေါင်လောက်ဘဲဖုံးလိမ့်မည်
ဖြူဖွေး သွယ်လျတဲ့ ပေါင်တံနှစ်ချောင်း က လှပလွန်းသည်
ယောက်ျားလေး တစ်ယောက်ဆိုပေမဲ့လည်း
အချိုးချလွန်းတဲ့ မျက်နှာ အနေအထား က ပြည့်စုံလွန်းတယ်
ထို့ပြင်
မျက်တောင် ရှည်ရှည်လေးတွေက ကော့ညွတ်နေကာ
နီရဲသော နှုတ်ခမ်းတစ်စုံ မဟတဟကို
တော်တော်ကြာအောင်ကြည့်နေမိခဲ့သည်

ထို အနှီကောင်လေး မျက်လုံးဖွင့်လာတော့
"အင် ဟင့်"

"Nana ကော  "
ဒေါသ တကြီးထွက်သော အသံဖြင့် jenoဆိုလိုက်သော်လည်း
မျက်လုံးက တော့  ထို ကောင်လေးကို သာစိုက်ကြည့်နေလေရဲ့

"သခင်  ဒီမှာ Nanaလေ  "
ထို ကောင်လေးက အိပ်နေရာမှထထိုင်လိုက်ပြီး
သူ့ကိုယ်သူ လက်ညိုးထိုးပြီး
မျက်လုံးပေ ကလပ် နဲ့ ပြောနေသည်

"ဘာ  "
Nanaဆို တာ ကြောင်လေးပါ
ဘယ်လိုလုပ်  လူသားတစ်ယောက်ဖြစ်ရမှာလဲ

ဒါဘယ်လိုမှမဖြစ်နိုင်ဘူး ကြောင်ကနေ လူအဖြစ်ပြောင်း သွားတယ်ဆိုတာ ပုံပြင်တွေ dramaတွေမှာဘဲရှိတာလေ
အပြင်လောက မှာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

သူတွေးနေတုန်းပင်ရှိသေးသည် ထို ကြောင်လေး
အဲလေ ကောင်လေးငယ်က

"Nana ကို သခင် တကယ်ဘဲ မမှတ်မိတော့ဘူးလား? "
အနှီ ကောင်လေး သည်
Jenoရဲ့ ခြေတောက် ကြားထဲဝင် ထိုင်မလို့ပြင်မိတော့

"ဟာ မင်း ရူးနေလား  ဘာကြောင် ငါ့ ပေါင်ပေါ်လာထိုင်တာလဲ
သွားသွား မင်းအိမ် မင်းပြန်  "

"အင် ဟင့် သခင်က ကျွန်တော့် ကို ရက်စက်တယ်
မနေ့ည ကဘဲ သခင် ဘဲ Nanaလေး လူဖြစ်လာရင် ကောင်းမှာဘဲဆို
အခုတော့  အဟင့်"

🄼🅈 🅽🅰︎🅽🅰︎!![NoMin] Donde viven las historias. Descúbrelo ahora