(Zawgyi)
ညနေပိုင်းဆိုတဲ့အချိန်လေးကိုရောက်လို့တောင်
ပတ်ဝန်းကျင်ကခပ်အေးအေး ထို့အတူလေစိမ်းတွေကတိုက်နေသယောင်
လေစိမ်းတွေတိုက်ရအောင်လည်း ရာသီဥတုမကောင်းတာလည်း မဟုတ်ပြန်၊ဒါဆိုဘာများလဲပေါ့
အများကြီး ဆက်မတွေးဖြစ်ခဲ့ပါ အကြောင်းကဘေးမှာကပ်လျှောက်ရင်း စကားစမြည်ပြောနေတဲ့ အတိတ်ကအရမ်းကို ချစ်ခဲ့ရပါသော မိန်းမလှလေးကြောင့်ဖြစ်နေခဲ့သည်။အမှန်တကယ် jenoဒီအခြေအနေကို နည်းနည်းမျှ သဘောမကျပေ
ညနေ နေညိုချိန်၊နီညိုရောင်သန်းတဲ့ အလွန်လှပသော ညနေခင်းကြည်နူးဖွယ်မြင်ကွင်းလှလှ ထို့အပြင်
ကျောင်းဆင်းချိန်ဖြစ်တာမို့ သူတို့နှစ်ယောက်ကို အခြားသူတွေပါ သမီးရည်းစားတွေဆိုပြီး အမှတ်ယူကောင်းယူလိမ့်မယ်
သို့သော်လည်း အမှန်တရားကိုသူတို့သာသိတယ်လေ
ဟိုကလည်း မိန်းမမာယာနဲ့ အတင်းကပ်နေတာ အသိသာကြီးလေ ရုပ်ခံလေးကလည်းရှိသလို popularဖြစ်နေတော့ ကျောင်းသားအများစုက သူမကိုကြိုက်တာ မဆန်းကြယ်ပါ သို့သော်ငှား Harin က သူ့ကိုအတင်းကပ်နေတော့ မရိုးသားတာသေချာပါတယ်ဘာကြောင့်လည်းဆိုတာလည်း jeno သိချင်ပုံမပေါ်ဘူး
အတိတ်ကို အတိတ်မှာထားရစ်ခဲ့ချင်သည်
အရင်က ချောလှသော သူမကို ချစ်ခဲ့မိတာမှန်သော်လည်း တကယ်တော့ ဒါအချစ်စစ်မှမဟုတ်ဘဲ
ချောမောလှပပြီး ပြိုင်စံရှားအလှကိုခုံမက်ခဲ့မိပုံထင်ရသည်
ဒါပေမယ့်လည်း အခုသူ့ နှလုံးသား က တစ်ယောက်သောသူကိုအပိုင်ပေးထားပြီးသားလေ
ထိုတစ်ဦးတည်းသော အမည်မဖော်လိုသူ က ဘာကြီးဘဲဖြစ်နေနေ အရာအားလုံးလက်ခံနိုင်ဖို့ကြိုးစားနေမိသည်ယခုလည်း Jenoသည် သူဘေးက ထိုမိန်းကလေးပြောနေသော စကားများကိုကြားတစ်ချက် မကြားတစ်ချက်နဲ့ အိမ်ကကြောင်ပေါက်လေးကို သတိရနေမိသည် ဒီအချိန်ဆို သူ့ နာနာလေး ဘာလုပ်နေမလဲဆိုပြီးတော့လေ
" Jeno ငါတို့ ဒီလမ်းက ကော်ဖီဆိုင်တစ်ခုမှာဝင်ရအောင်လေ ပြီးတော့ ငါနင့်ကိုပြောစရာအများကြီးရှိသေးတယ် ဟိုတလော က ငါတကယ်တောင်းပန်ပါတယ် "
YOU ARE READING
🄼🅈 🅽🅰︎🅽🅰︎!![NoMin]
RomanceLeejeno ×Najaemin #NoMin #Romance#Myanmar ( part1-2 idea credits from the owner) မမျော်လင့်ဘဲရရှိခဲ့တဲ့ မွေးနေ့လက်ဆောင်က ချစ်စရာကြောင်လေးကနေ လူသားလေး NaNa အဖြစ်ပြောင်းလဲသွားကာ... ချစ်စရာကောင်းလွန်းတဲ့ ကြောင်ပေါက်စ သဖွယ် NaNa လေးကို မှ ပိုင်ရှင်ဖြ...