7

553 55 4
                                    















ကျောင်းပျက်ခဲ့တဲ့ ထိုနေ့တစ်နေ့တာက တော်တော့်ကို ကြည်နူးဖို့ကောင်းလွန်းတယ်
ပျော်ရွှင်ဖွယ် အမှတ်တရတွေလည်း ရှိခဲ့မှာ အမှန်ပါဘဲ
ဒီလိုနေ့တိုင်း ဖြစ်ပါစေဆိုပြီး ဆုတောင်းချင်မိလည်း
တကယ်တမ်း လက်တွေ့မှာ ဒီလိုနေဖို့မှ မသင့်ဘဲ

အထက်တန်းကျောင်းသားတစ်ယောက်မို့ ကျောင်းတော့တတ်ရမှာဘဲ
စာကြိုးစားခြင်း မကြိုးစားခြင်းတွေထက်
ကျောင်းသား တစ်ယောက်က အတန်းမှန်သင့်တယ်လို့ လူတိုင်းပြောကြတယ်
ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက်မှမတူနိုင်ဘဲ
သွားချင်သွားမယ် မသွားချင်ရင် မသွားဘူးပေါ့
ရှင်းရှင်းလေး ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်သာမို့လို့
ဒီကိစ္စကို အထူးတလည်ကြီး လုပ်မနေတော့ဘူး

သို့သော်လည်း မသွားချင်ပေမယ့်
ဒီနေ့တော့ ကျောင်းသွားရမယ်ဆိုတာ သူသိနေတယ်

အခုထိတော့ အိပ်ယာထဲကမထရသေးဘူး
နိုးနေတာတော့ တော်တော်ကြာနေပြီ
ဘာလို့မှန်းမသိ ဘေးမှာ အိပ်မောကျနေတဲ့ အကောင်ပေါက်လေး ကို စိတ်မချပြန်
နဂိုကတည်းက အပျင်းကြီးတယ်ဆိုပေမယ့်
အခုတော့ တော်တော်ပြောင်းလဲခဲ့တယ်

ဒီအရာတွေက အချစ်ကြောင့် အရာရာပြောင်းလဲသွားတယ် နဲ့တူတယ်
ဘာဘဲဖြစ်ဖြစ် အခုတော့ တွေဝေမနေသင့်ဘဲ
ကျောင်းသွားဖို့ အမြန်လုပ်ရမယ် ဆိုတဲ့အတွေးကြောင့်
ချက်ချင်း ဆိုသလို ကုတင်ပေါ်က ဆင်းပြီး
ရေချိုးဖို့ bathroom ထဲဝင်လိုက်သည်

ဒါပေမယ့်လည်း
ညတုန်းက ရင်ခွင်ထဲအတင်းတိုးဝင်လာပြီး
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ NaNaလေးရဲ့ ချစ်စရာ့ ပုံရိပ်လေးတွေကတော့ မျက်လုံးထဲကနေ ပျောက်မသွားဘူး

အချိန်တိုင်း အတွေးတွေထဲမှာ NaNaဆိုတဲ့ အကောင်ပေါက်လေးက နေရာယူထားဆဲ....
ဒီလို ကြောင်ပေါက်လေး အကြောင်းတွေးမိရင် ဘာလို့မှန်းမသိ
အလိုလို ပြုံးမိလာတယ်
ရင်ထဲမှာလည်း အတိုင်းမသိကြည်နူးနေမိပြန်သည်

သွားတိုက်နေရင်း မှန်ကိုပြန်ကြည့်မိတော့
ကိုယ့်မျက်လုံးတွေမှာ အချစ်အရိပ်အယောင်တို့က အပြည့်လေ
ဒါကြောင့် လုံးဝကို သေချာပြီမို့
မြန်မြန်ဖွင့်ပြောသင့်မှန်း jeno ကိုယ့်ကိုကိုယ် သိလိုက်ရသည်
သို့သော်လည်း အပြစ်ကင်းစင်လွန်း တဲ့ ကလေးလေးကို
အရောင်ဆိုးမိသွားမှာလည်း စိုးရိမ်ရသေးတယ်လေ.....






🄼🅈 🅽🅰︎🅽🅰︎!![NoMin] Where stories live. Discover now