4

613 63 0
                                    











ဆိုးလ်မြို့ရဲ့ညပိုင်း အချိန်...
ရက်ကွက်တစ်ခု ရဲ့အိမ်လေးထဲမှာ
ကောင်လေးနှစ်ယောက် ကတော့ Kitchenထဲမှာ အလုပ်ရှုပ်နေတုန်း

ကြည့်ရတာ jeno ommaက အခုထိအိမ်ပြန်မရောက်လာသေးဘူးနဲ့တူတယ်
ဒါကြောင့် ထုံးစံအတိုင်း jeno သူ့ဘာသာ ညစာကိုဖြစ်သလိုစားနေကျမို့
စိတ်မပူရဘူး
သို့သော်လည်း အခုတော့ အိမ်မှာ သူတစ်ယောက်တည်း မဟုတ်တော့ဘူးလေ ကြောင်ပေါက်လေးရှိနေပြီဘဲ
ဒါပေမယ့် ဒီကြောင်ပေါက်က လူဖြစ်နေပြီမို့ jeno အတွက်တော့ ဒုက္ခတစ်မျိုးလို့ပြောရမှာပေါ့...

အခုလည်း တစ်ယောက်ထည်း အလုပ်ရှုပ်နေတုန်း
ဘာကြောင့်လဲလို့သိချင်ကြမှာဘဲ? ဒါတွေက ပြောစရာမလိုဘူး
အဓိက အကြောင်းရာ က နာနာကြောင့် ဖြစ်မှာပေါ့

"နာနာ ငြိမ်ငြိမ်လေးထိုင်နေလေ သွား"

ထိုင်ခုံပေါ်မှာမထိုင်ဘဲ လုပ်ချင်ရာလျောက်လုပ်ရင်း
သူ့နောက်တကောက် ကောက် လိုက်နေတဲ့ ကြောင်လေး ကြောင့်
Jeno ဒေါသထွက်ရင်း အော်လိုက်သည်

သခင်ဆူလိုက်လို့နဲ့တူတယ်
ကလေးငယ်ရဲ့ မျက်ဝန်းထဲက မျက်ရည်ကြည်လေးတွေဝဲတက်လာပြီး
ချက်ချင်းကို အားငယ်ပြီးဝမ်းနည်းသွားတဲ့ ရုပ်ကလေး

ပူကြူ ကြူးလေးက သူ့သခင်ကိုဘာမှပြန်မပြောရှာ လိမ်မာလွန်းတဲ့ ပေါက်စလေး ပီသလွန်းတယ်
ထို့နောက် သခင်ပြောသမျှလိုက်နာရင်း လွတ်နေတဲ့ထိုင်ခုံမှာ ထိုင်ရင်း
တစ်ယောက်တည်း ကြိတ်ငိုနေရှာတယ်

ဒါတွေကို jeno သတိထားမိမှာ မဟုတ်ဘူး
သူ့ဘာသာ ခေါက်ဆွဲပြုတ်လိုက် ၊ နာနာအတွက် နွားနို့ကျို ပေးလိုက်နဲ့တစ်ယောင်တည်း အလုပ်ရှုပ်နေသည်


ထို့နောက် အားလုံးပြီးစီးသွားပြီမို့
စားပွဲပေါ်မှာ စားစရာတွေကိုတင်လိုက်သည်
ပြီးတော့ ထိုင်ခုံမှာ ထိုင်နေပြီး ခေါင်းငိုက်စိုက် ကျနေတဲ့ နာနာလေးကို သူ ကြည့်မိသည်
ကြာသွားလို့ အိပ်ပျော်သွားပြီလားလို့ပေါ့
အိပ်ပျော်နေတယ် အထင်ဖြင့် နာနာ လေးကို ပခုံးပုတ်ရင်း
လှုပ်နိုးလိုက်သည်

🄼🅈 🅽🅰︎🅽🅰︎!![NoMin] Where stories live. Discover now