1

2.3K 122 6
                                    

Han highschool...

အထက်တန်းစတတ်သည့်နေ့မို့အားလုံကစိတ်လှုပ်ရှားနေကြသည်။အိမ်ကလိုက်ပို့သူကပို့နှင့် အားလုံဟာတက်ကြွနေကြသည်။သို့သော်သူကတော့ပျင်းတွဲစွာလမ်းလျှောက်လာပြီးအိပ်ဖို့အရေးကိုသာအားသန်နေသည်။ခပ်ချေချေနေသည်ကသူ့အကျင့် အိမ်နဲ့အဆင်မပြေသဖြင့်တစ်ယောက်ထဲသာကျောင်းလာခဲ့ခြင်း

နာမည်ကMinYoonGi
အသက်က၁၈နှစ်
မဝလွန်းမပိန်လွန်းသော်လည်းsix packဟုသည်ကားသူ့ကိုယ်ပေါ်တွင်ရှားလှသည်။
အရပ်ကလဲသာမန် ဖြူလွန်းသောအသားအရည်နှင့်နက်မှောင်သောဆံနွယ် ခပ်မှေးမှေးနှင့် အချိနိပြည့်အိပ်ချင်နေဟန်ရှိသောသူ့မျက်လုံးအစုံ လှပသေသပ်သည့်နှုတ်ခမ်း မျက်မှောင်ကုတ်ထားသည့်သူသည် တစ်လောကလုံးကိုချေမိုးကာ ဘယ်သူကိုမှဂရုမစိုက်သည့်သူပင်။အသက်လိမ်ကာကျောင်းအပ်ထားသည်မို့သူများတွေထက်တစ်နှစ်ကြီးနေခြင်း။

အခန်းထဲရောက်တော့ ကျောင်းတက်ရန်ဆယ့်ငါးမိနစ်ခန့်လိုနေသောကြောင့်နောက်ဆုံးတန်းကလွတ်နေတဲ့ခုံမှာဝင်ထိုင်ပြီးမှေးနေလိုက်သည်။

ကလင် ကလင်

ကျောင်းတက်ခေါင်းလောင်းထိုးပြီးမကြာခင်မှာပင်ဆရာဝင်လာသည်။ဆရာအားနှုတ်ဆက်နေစဉ် ဝရုန်းသုန်းကားပြေးဝင်လာတဲ့ကောင်လေးတစ်ယောက်

"တောင်းပန်ပါတယ်ဆရာ ကျနော်နောက်ကျသွားတယ်"

"နောက်တစ်ခါမဖြစ်စေနဲ့ အပြစ်ပေးခံရမယ်ကြားလားနာမည်ဘယ်သူလဲ"

"အာ ကျနော်ParkJiminပါဗျ"

"ကောင်းပြီ နေရာရှာပြီးထိုင်လိုက်"

သူလဲနောက်ဆုံးတန်းကိုလျှောက်လာပြီးခုံအလွတ်မှာဝင်ထိုင်လိုက်တယ်။ဆရာလဲအတန်းခေါင်းဆောင်ရွေးတယ် အသင်းရွေးတယ် နာမည်တွေမိတ်ဆက်ပြီးပြန်ထွက်သွားတော့တယ်။

YoonGiသူ့ဘေးကကောင်လေးကိုကြည့်လိုက်တော့စိတ်တိုနေဟန်..
သူကြည့်နေချိန်မှာဘဲ ထိုကောင်လေးကသူ့ဘက်လှည့်လာသည်။

Jm::MinYoonGiမလား တွေ့ရတာဝမ်းသာတယ် အတူထိုင်တာမို့ခင်ခင်မင်မင်နေရအောင်

Couple=UncoupleWhere stories live. Discover now