4

518 75 6
                                    


Unicode

မနေ့ညကသူ့ဘက်ကစနမ်းပြီး အရှက်ကြီးနေတဲ့ParkJiminဟာကျောင်းသွားမတက်ဖြစ်...
အိမ်မှာနေရင်အမေဆဲတယ်တဲ့ ဒါဟာသိပ်ကိုမှန်တယ်။
စာကျက်မလို့ဟုပြောကာကျောင်းမတက်တဲ့ကိုယ်က MinYoonGiဆိုတဲ့လူတစ်ယောက်အကြောင်းတွေးရင်း စာအုပ်ထဲမှာရေးနေတဲ့စာကြောင်းတွေက မညီညာဘဲ MinYoonGiဆိုတာတွေချည်း။အမေကလဲ စာကျက်တယ်သာပြောတယ် ဘာစာမှမကျက်ဘဲ စာတွေထိုင်ရေးနေတယ်တဲ့ နင်စာမလုပ်ရင်ဆိုးဝါးတဲ့နင့်ရှေ့ရေးကိုငါကကြိုတွေးမိနေပြီနော် ဆိုတာတွေရော အို အကုန်စုံနေတာဘဲ။အခန်းရှေ့ကတစ်ခါဖြတ်သွားတိုင်း တစ်ခါအော်သွားတတ်တဲ့အမေ သူ့အသံကြားတဲ့အချိန်စာကျက်မယ်ဟုတွေးမိသော်လဲ အမေသတိမပေးတာနဲ့စိတ်ကMinYoonGiဆီသာရောက်သွားသည်...သေချာတယ် သူတစ်နေ့လုံးစာလုပ်ဖြစ်မှာမဟုတ်ဘဲ စာရေးစားပွဲမှာထိုင်ပြီးသူ့အကြောင်းကိုတွေးနေမှာ...

အနမ်းခံလိုက်ရတဲ့ကောင်လေးဟာလဲ ကျောင်းမှာတွေ့ရင်ဘလိုလုပ်မလဲ ငါဘာပြောရမလဲ သူကရောဘာပြောမလဲ စာသော လဲပေါင်းများစွာနဲ့မေးခွန်းထုတ်လာခဲ့ရင်း ကျောင်းရောက်တော့ ထိုပုကျိကလာမတတ်ဘူးတဲ့ ကောင်းနေရောဘဲ...သူလဲညတုန်းကအိပ်ရေးပျက်ထားတာကို ထိုင်ခုံနှစ်ခုဆက်ပြီးအိပ်နေလိုက်တာ ပထမအချိန်ရောက်တဲ့အထိဘဲ

"MinYoonGi!!နင်အိပ်နေပြန်ပြီလား ထစမ်း! နောက်ဆုံးတန်းဆိုပြီး ဖြစ်ချင်တိုင်းဖြစ်မနေနဲ့ နင့်ရဲ့ကဲဖော်ကဲဖက်Jiminကလာမတက်လို့ပျင်းနေတာလား"

"ဗျာ..မဟုတ်ပါဘူး ညကစာကျက်ရင်းအိပ်ရေးပျက်သွားလို့"

"အေးပါ နင်ကစာတော်တဲ့ကျောင်းသားမို့ ခွင့်လွှတ်လိုက်မယ် ကလေးတွေ အသစ်ရောက်တဲ့ကျောင်းသားနဲ့မိတ်ဆက်ပေးမယ် လာ သား"

"အားလုံးဘဲ တွေ့ရတာဝမ်းသာပါတယ် KimTaeHyungပါ"

လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့ သူတစ်ခန်းလုံးကိုမိတ်ဆက်လိုက်တယ်။ထို့နောက်‌ဆရာမကJeonJungKookနဲ့သွားထိုင်တဲ့ သူကတစ်ယောက်ထဲထိုင်တာဆိုလို့သွားထိုင်လိုက်ပေမဲ့MinYoonGiလဲတယောက်ထဲဘဲလေ ဘာလို့မထိုင်ခိုင်းတာလဲ။နောက်မှသိလိုက်တယ် သူ့ဘေးကခုံပိုင်ရှင်ကParkJiminတဲ့ သူတို့နှစ်ယောက်စလုံးမရှိရင် တခြားသူထိုင်တာရပေမဲ့ ပြန်ရောက်လာခဲ့ရင်တော့ လာထိုင်တဲ့သူတွေကိုမောင်းထုတ်ရောတဲ့။သူတို့နှစ်ယောက်ကလဲ စာသင်တဲ့အချိန်ရော အားတဲ့အချိန်ပါ စကားပြောလိုက် မုန့်စားလိုက်လုပ်နေတာတဲ့။MinYoonGiကအမြဲတမ်း1to10ဝင်တယ် ParkJiminကလဲ အဆိုးကြီးမဟုတ်ပေမဲ့သူက1to15ဝင်တယ်။အတန်းထဲမှာသူ့ကိုပါထည့်တွက်ရင်25ယောက် သေချာပါတယ် သူကလဲစာတော်ပြီးသားသူဆိုတော့1to10ဘဲဝင်မှာပါ...

Couple=UncoupleWhere stories live. Discover now