11

436 65 4
                                    

Unicode


"ကိုယ်တို့ဘယ်သူမှမသိအောင်တိတ်တိတ်လေးတွဲကြမလား .. "

ဒီစကားကိုသူကြားပြီး သူ့ကမ္ဘာဟာရပ်တန့်သွားသလိုပင် ..
ယွန်းဂီဟျောင်းကို သူမေ့ပစ်ဖို့ကြိုးစားခဲ့သည် .. ယွန်းဂီဟျောင်းကိုသူလက်လျော့လိုက်ဖို့ တွေးထားခဲ့ပေမဲ့ အခု ယွန်းဂီဟျောင်း ဆီကဒီလိုစကားမျိုးကြားလိုက်ရတော့ .. သူဘာဆက်လုပ်ရမလဲ ..

"ကိုယ်တို့ဘယ်သူမှမသိအောင်တွဲရင်လေ ကျောင်းမှာ အပြောလဲခံရမှာမဟုတ်ဘူး ဘယ်သူမှမသိလို့ ကိုယ်တို့လဲထိခိုက်မှာမဟုတ်ဘူး ကျောင်းပြီးလို့ ကိုယ်တို့အခြေကျရင် ဖွင့်ပြောကြမယ်လေ .. ကိုယ်ဂျီမင်းကိုချစ်တယ်"

ချစ်တယ်..တကယ်ဘဲဒီစကားကိုဟျောင်းပြောလိုက်တာပေါ့နော် ..

"ကျွန်တော်လေ ဟျောင်းကို မငြင်းနိုင်ဘူး"

"လက်ခံတယ်ပေါ့နော် ဂျီမင်း"

"ဟုတ် ဘယ်သူမှမသိအောင်တွဲကြတာပေါ့"

ယွန်းဂီ ဂျီမင်းကိုယ်လေးအားဆွဲပြီးဖက်လိုက်တော့
ဂျီမင်းလဲယွန်းဂီရဲ့ခါးကိုပြန်ဖက်တွယ်ထားလိုက်သည် ..

ထိနေ့ကတော့ သူတို့ရဲ့ ပထမဆုံးနေ့ပေါ့ ..
ဘယ်သူမှမသိအောင်တွဲရတာ ခက်တော့ခက်လှသည် ..
စကားပြောရင်လဲ ခပ်တည်တည်ဘဲပြောပြီး အတူတူဒိတ်လို့လဲ အဆင်မပြေ .. လူတွေအရမ်းမရိပ်မိရအောင် သူတို့လဲ အနေအထိုင်ဆင်ခြင်ကြသည် ..

ဟော ဟိုဘက်ခုံမှာထိုင်နေတဲ့ယွန်းဂီဟျောင်းကသူ့ကိုပြုံးပြ‌နေပြန်ပြီ။
သူလဲခုံပေါ်မှာမှောက်လိုက်ပြီး ယွန်းဂီဟျောင်းရှိတဲ့ဘက်ကိုလှည့်ပြီး ပြုံးပြလိုက်သည် ..

ဒီနေ့ ကျွန်တော်တို့ကဖိနပ်ဆင်တူဗျ .. အရင်ထဲကcoupleဝာ်ထားတာမို့ ဒီနေ့အတူတူစီးဖြစ်တာ .. နောက်နေ့ကျရင်လဲ coupleလက်စွပ်သွားရွေးကြမှာ .. တကယ်တော့ ဒိတ်လိုမျိုးပေါ့ .. တွေးရင်းနဲ့ရင်ခုန်လာပြန်ပြီ ..

"ဂျီမင် .. မင်းကလူရှင်းတုန်းအိပ်နေတာလား"

သူ‌ခုံပေါ်မှာမှောက်နေတာကို ဂျောင်ကုကအိပ်နေတယ်ထင်သွားတာဖြစ်မည် .. သူထထိုင်လိုက်ပြီး

Couple=UncoupleWhere stories live. Discover now