13

425 64 10
                                    

Unicode

"နောက်ကျသွားပြီလားမသိဘူး"

ဒီထက်ပိုပြီး သူလေလွင့်နေလို့မရဘူး ဟျောင်းနဲ့ပြန်တွေ့ရင် အဆင်ပြေနေဖို့ သူအလုပ်လုပ်ရအုံးမယ်လေ .. ဒီနေ့ကုမ္ပဏီတစ်ခုမှာအင်တာဗျူးဖြေမှာမို့ သူအိမ်ကအမြန်ထွက်လာခဲ့လိုက်သော်လဲ နောက်ကျမှာစိုးမိတာကြောင့် အမြန်ထွက်လာခြင်းဖြစ်သည်..

ကုမ္ပဏီကိုရောက်တော့ သူ့ရှေ့မှာနှစ်ယောက်လောက်ရှိနေသေးသည်မို့ တော်သေးတယ်ပြောရမည် ..

ထိုင်ခုံမှာသူထိုင်လိုက်ရင်း သူ့profileကိုသာပြန်ကြည့်မိသည် .. လုပ်သက်တစ်နှစ်မှမရှိတဲ့ သူက စာရင်းကိုင်လုပ်အုံးမယ်တဲ့ .. အဆင်ရောပြေပါ့မလား .. အဆင်ပြေဖို့ဆုတောင်းရမှာဘဲ ..

"ပတ်ဂျီမင်းရှိ ရောက်ပြီလားမသိဘူး"

စာအုပ်တစ်အုပ်ကိုင်ရင်း အခန်းထဲကထွက်လာတဲ့ကောင်မလေးက သူ့နာမည်ကိုခေါ်တော့ သူ ကပြာကယာပင်ထလိုက်ပြီး

"ဟုတ်ကဲ့ ရောက်နေပါပြီ"

အလုပ်ရှင်ဆိုသူရဲ့စားပွဲရှေ့မှာထိုင်ရင်း သူ့အင်္ကျီအောက်နားစကိုသာလုံးချေနေမိသည် .. စိတ်လှုပ်ရှားမှုကပြောမပြနိုင်အောင်ပါဘဲလား ..

"ပတ်ဂျီမင်း .. လုပ်သက်မရှိဘူး ဆိုးလ်တက္ကသိုလ်မှာစီးပွားရေးနဲ့ပြီးတယ် .. ဒါနဲ့ ကျောင်းပြီးသွားတဲ့ လေးနှစ်အတွင်းမင်းဘာမှမလုပ်ဘူးလား"

သူဘာမှမလုပ်ခဲ့ဘူး ဟုတ်တယ် မိဘတွေဆီကအပြောခံပြီး  မိဘလုပ်စာထိုင်စားရင်း အလေအလွင့် အပေအတေတစ်ယောက်ဖြစ်နေခဲ့တာ ..

"ဟုတ်ကဲ့"

ဒီစကားအပြင်သူဘာမှမပြောနိုင်ပါဘူး ..

"အေး မင်းကစီးပွားရေးနဲ့ဆိုတော့ စာရင်းကိုင် အတွင်းရေးမှူးလောက်ကတော့အဆင်ပြေမယ်ထင်တာဘဲ ငါပြန်ဆက်သွယ်လိုက်မယ် သွားတော့လေ"

ဂျီမင်းထိုင်ရာမှထပြီး ထိုသူအားဦးညွတ်ပြီးနှုတ်ဆက်ကာထွက်လာလိုက်သည် ..

သူ့ကြည့်ရတာ ငါကဘာအလုပ်မှမလုပ်ခဲ့တဲ့အတွက် စိတ်ပျက်သွားပြီးမေးစရာလဲမရှိတော့ပုံရတယ် ငါဟုတ်ကဲ့ဆိုတဲ့တစ်မျိုးဘဲဖြေခဲ့ရတာဘဲ ..

Couple=UncoupleWhere stories live. Discover now