12

419 64 7
                                    


Unicode

ဒီနေ့နဲ့ဆို ရှစ်နှစ် .. ကျွန်တော်ဟျောင်းကိုစောင့်နေခဲ့တာ ရှစ်နှစ် ..
ကျွန်တော့ဘေးကနေဟျောင်းထွက်သွားတာ ရှစ်နှစ်ပြည့်ခဲ့ပြီဟျောင်း ..

စာမေးပွဲဖြေပြီးလို့ ကျောင်းကပြန်တဲ့အချိန် နောက်ဆုံးအနေနဲ့အတူတူရှိခဲ့တဲ့ ဒီသစ်ပင်အောက်မှာကျွန်တော်လာစောင့်နေတုန်းဘဲ ဟျောင်း ..

"ဂျီမင်း စာမေးပွဲလဲပြီးပြီဆိုတော့ ဘယ်တက္ကသိုလ်ဆက်တက်မှာလဲ"

"ဆိုးလ်မှာဘဲလေ .. စာပေယူမယ် ဒါမဟုတ်လဲတခြားတစ်ခုပေါ့ ..  အဲ့တာပြီးရင် ကုမ္ပဏီတစ်ခုခုမှာအလုပ်ဝင်မယ် ဒီ့ထက်မြင့်တဲ့နေရာလဲရောက်နိုင်တာဘဲ"

"အင်း .. အဲ့လိုလား"

"ဟျောင်းကရော"

"ငါကတော့ .. အင်း .. ဆေး ?"

"ဟုတ်လား ဟျောင်းဆရာဝန်ဖြစ်လို့ ဂျူတီကုတ်နဲ့ဆိုသိပ်လိုက်မှာ ဟီးဟီး ကျွန်တော်မြင်ချင်လိုက်တာ"

"အင်း .. ငါတို့ပြန်ကြမလား ဂျီမင်း .. နောက်ကျရင်မင်းအပြောခံနေရအုံးမယ်"

"ဟုတ်တယ် ပြန်မယ်လေ"

ဘေးချင်းယှဉ်လျက် အတူလမ်းလျှောက်နေရင်း .. ယွန်းဂီဂျီမင်းရဲ့ လက်ကိုဆုပ်ကိုင်လိုက်သည် ..

ဆုပ်ကိုင်ထားခံလိုက်ရတဲ့သူ့လက်ကလေးဟာနွေးကနဲ ..
သူတို့လက်တွေကိုဆုပ်ကိုင်ထားရင်း အတူတူလမ်းလျှောက်ပြီး .. သစ်ရွက်လေးတွေကြွေကျနေတဲ့လမ်းလေးထဲမှာဆိုတော့  ကြည့်နူးစရာပေါ့ ..

အဲ့ဒီ့နေ့ကနောက်ဆုံးဘဲနော် .. အဲဒီ့နေ့ပြီးထဲကဟျောင်းကိုမတွေ့ရတော့ဘူး .. ဟျောင်းရဲ့အိမ်ကလဲသော့ခတ်ထားတယ် .. နောက်ထပ်နှစ်လလောက်မှာ ဟျောင်းတို့ရဲ့အိမ်ကိုရောင်းလိုက်ပြီတဲ့ ..

ကျွန်တော်ဟျောင်းကိုဘယ်မှာရှာရမှာလဲ ဟျောင်း ..

ဟျောင်းသိလား ဒီရှစ်နှစ်အတွင်းမှာကျွန်တော်ပြောင်းလဲလာတယ် .. ကလေကချေတစ်ယောက်လိုဘဲ .. စီးကရက်အနံ့ကိုသိပ်မုန်းမိတဲ့ကျွန်တော်က အခုသိပ်ကြိုက်နေမိပြီ .. အရင်ကလောက်ကျွန်တော်သဘောမကောင်းတော့ဘူး .. သိပ်ကိုဆိုးလာခဲ့တာ .. ဒါပေမဲ့ ကျွန်တော်ဟျောင်းကိုချစ်နေတာမပြောင်းလဲဘူး ဟျောင်း ..

Couple=UncoupleWhere stories live. Discover now