Unicode
7:00
နှိုးစက်မြည်သံကြောင့်သူအိပ်ရာမှထပြီး သွားတိုက်မျက်နှာသစ်ကာ ကော်ဖီဖျော်နေလိုက်သည် ..
"ကလင် ကလင်"
တံခါးမပိတ်ထားတဲ့ သူ့အိပ်ခန်းထဲကဖုန်းမြည်သံကြောင့် ကော်ဖီဖျော်ခြင်းအမှုကိုခနရပ်ထားရင်း ဖုန်းကိုင်လိုက်သည် ..
"ဟယ်လို ဟုတ်ကဲ့ ပတ်ဂျီမင်းပါ"
"ဗျာ အဲ့ဒါဆိုအစမ်းခန့်ဖြစ်သွားပြီပေါ့ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်"
ဖုန်းဆက်တာသည် မနေ့ကအလုပ်လျှောက်ခဲ့သော ကုမ္ပဏီမှဖြစ်ပြီး သူအစမ်းခန့်ဝန်ထမ်းဖြစ်သွားပြီဆိုတဲ့အကြောင်း မနက်ဖြန်ကစပြီးအလုပ်ဆင်းလို့ရပြီဆိုတဲ့အကြောင်း ပြောခြင်းဖြစ်သည် ..။ တခြားလာလျှောက်တဲ့သူတွေကငါ့လောက်မတော်ဘူးလားဘဲ ငါ့လိုလူတောင်အစမ်းခန့်နေရာရတယ်ဆိုတော့ ..
ဖုန်းကိုနေရာမှာပြန်ချထားပြီး ကော်ဖီဖျော်ကာ မနက်စာစားဖို့သာပြင်လိုက်သည် ..
"ယွန်းဂီ မင်းမနက်ဖြန်လောက်ဆို အလုပ်ဆင်းတော့မှာမဟုတ်လား"
နမ်ဂျွန်းကမေးလာတော့ သူ့လက်ထဲကကော်ဖီခွက်ကိုချလိုက်ပြီး ..
"ဟုတ်တယ် မနက်ဖြန်အလုပ်ဆင်းမှာလေ"
"အင်းလေ ဆရာဝန်ကြီး မင်ယွန်းဂီတောင်ဖြစ်ပြီဘဲ"
ယွန်းဂီအသံထွက်ရုံလောက်သာရီလိုက်ပြီး ကော်ဖီကိုဆက်သောက်နေလိုက်သည် ..
"ယွန်းဂီ ငါသွားရတော့မယ်"
ဖုန်းကိုကြည့်ပြီး သု့ငိုပြောလာတော့ ယူယောင်းကလှမ်းခေါ်တာမှန်း သူရိပ်မိသည် ..
"အေး သွားလေ"
နမ်ဂျွန်းကခေါင်းညိမ့်ပြရင်း ဆိုင်ထဲမှထွက်သွားလေသည် ..
ယွန်းဂီတစ်ယောက်ထဲကျန်ခဲ့ရင်း ဆိုင်အပြင်ဘက်ကိုငေးနေမိသည် .. လူရှင်းသယောင်ယောင်နဲ့ တစ်ချို့ကတော့သွားလာနေကြသေးသည် .. ထိုလူတွေကြားထဲမှာ အဖြူရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီနက်ပြာရောင်နဲ့တစ်ယောက်က"ဟိုဆော့ .."
ယွန်းဂီဆိုင်ထဲကပြေးထွက်လာရင်း အရှေ့နားကဟိုဆော့အား လှမ်းအော်လိုက်သည် ..
အနောက်ကိုလှည့်ကြည့်တာတဲ့ သူ့မျက်လုံးတွေကအနည်းငယ်တော့ပြူးကျယ်သွားသယောင်
YOU ARE READING
Couple=Uncouple
FanfictionCigaretteအနံ့ကိုကျနော်မကြိုက်ဘူးhyung... ဒါပေမဲ့cigaretteသောက်ရတာကိုတော့သဘောကျတယ်....ပြီးတော့hyungကိုလဲသဘောကျတယ် အမြဲတမ်းကျနော်ကhyungကိုဘဲသေဘာကျသွားမှာ သေတဲ့အထိ..... ▪️Jimin ဒီတိုင်းငါ့ကိုမုန်းလိုက်ပါလားJiminရယ်... ▪️Yoongi Cigaretteအနံ႔ကိုက်ေနာ္မႀ...