9

423 62 4
                                    


Unicode >>

"ငါမဟုတ်ဘူး ငါလုပ်တာမဟုတ်ဘူးလို့ပြောနေတယ်လေ ဂျောင်ဂု"

"မင်းမဟုတ်ရင်ဘယ်သူရှိမှာလဲ မင်းကဂျီမင်းကိုမုန်းပြီး ကြည့်မရဖြစ်နေတာမလား"

ဟိုတယ်ရဲ့ခပ်လှမ်းလှမ်းက ကျောက်ဆောင်တွေဘေးမှာထယ်ယောင်းနဲ့ဂျောင်ဂုစကားပြောနေခြင်းပင် ..

"ငါကဂျီမင်းကိုဘာလို့မုန်းရမှာလဲ ပြီးတော့ငါ့စိတ်က အဲ့လောက်အောက်တန်းမကျဘူး ဂျောင်ဂု"

"မင်းမဟုတ်ဘူးဆိုရင်လဲ ငါတောင်းပန်ပါတယ် "

"ရပါတယ် မင်းရဲ့သူငယ်ချင်းကိုစိတ်ပူပြီး တခြားသူတွေကိုမင်းသံသယဝင်တာမဆန်းပါဘူး ငါ့စိတ်ထဲဘာမှမရှိပါဘူး ဂျောင်ဂု"

"အင်း ကျေးဇူးပါ မင်းလဲ အခန်းထဲဝင်တော့လေ ငါ့ကြောင့်အိပ်ချိန်ကြီးအနှောင့်အယှက်ဖြစ်ရပြီ"

"ရပါတယ် မင်းလဲသွားတော့လေ လေစိမ်းတွေတိုက်နေတယ်"

"အင်း"

ထယ်ယောင်းထွက်သွားပြီးနော် သူတစ်ယောက်ထဲ ဆက်ပြီးထိုင်နေရင်း

"ထယ်ယောင်းသာမဟုတ်ဘူးဆိုရင် တခြား ဂျီမင်နဲ့ရန်စရှိတဲ့သူလဲမရှိဘဲနဲ့ ဘာလို့တွန်းချခံရတာလဲ မတော်တဆဝင်တိုက်မိရင်း ဂျီမင်ကပြုတ်ကျသွားတာများလား အာ မသိတော့ဘူး .."

သူ့ဆံပင်တွေကိုဆွဲဖွင်းရင်းနဲ့ညီးညူလိုက်သည် ထို့နောက်သူလဲအိပ်ခန်းဆီသို့ ..

ခရီးကနေပြန်လာပြီးနောက်ပိုင်း ဂျီမင်အမြဲတမ်း‌ငေးငိုင်နေတယ် ..
သူ့ကြည့်ရတာ တစ်ခုခုကိုတွေးရင်းဝမ်းနည်းနေသလို တစ်ယောက်ယောက်ကိုသတိရနေသလိုဖြစ်နေတယ် ..
ဂျောင်ဂုတွေးလိုက်ရင်း

"ဂျီမင် .. မင်းဘာဖြစ်နေတာလဲ"

"ဘာဖြစ်ရမှာလဲ ဘာမှမဖြစ်ပါဘူး"

"မင်းကိုကြည့်ရတာဝမ်းနည်းနေသလိုဘဲမို့လို့ ... အာ ဒါနဲ့ ယွန်းဂီဟျောင်း .."

"ငါ့ကိုမပြောနဲ့တော့ဂျောင်ဂု .. ငါသူ့ကိုမေ့လိုက်ဖို့စဉ်းစားပြီးပြီ"

"ဘယ်လို မင်းကလုပ်နိုင်လို့လား မင်းသူ့ကိုအရမ်းချစ်တာလေ"

Couple=UncoupleWhere stories live. Discover now