8

502 73 7
                                    


UNICODE

ညနေစောင်းတော့လှေတွေအသင့်ပြင်ပြီး ကျွန်းကိုသွားဖို့လုပ်နေကြသည်။ နေကာမျက်မှန်တပ်ထားပြီး လက်ခုပ်တီးကာ အားလုံးကိုလူစစ်နေတဲ့ဆရာက..

"ကဲကဲ အားလုံးဘဲ!လူစုံပြီ သွားရအောင်"

ဆရာကဦးဆောင်ပြီးတော့ကျောင်းသားတွေကိုခေါ်သွားသည် စက်လှေနဲ့သွားရတာကြောင့် အနဲငယ်စိုးရိမ်ပေမဲ့ စိတ်ကိုလျှော့ပြီးသူလိုက်လာလိုက်သည်။ လူကများတော့လှေနှစ်စီးနဲ့သွားရသည် ကျွန်းကတော့အကြီးကြီးမဟုတ်ပေမဲ့ ခြုံတွေသစ်ပင်တွေတော့များသည်။လှေပေါ်ကဆင်းရင်းဆရာက..

"ငါတို့အခုဒီကိုလာတာကအပန်းဖြေလဲဟုတ်သလို လေ့လာရေးလဲဟုတ်တယ် မင်းတို့တွေကအပင်မျိုးစိတ်တွေကိုလေ့လာလဲရသလို ဟိုမှာတွေ့လား ကမ်းစပ်မှာဂဏာန်းတွေလဲကြည့်လို့ရတယ် ဒီနားတစ်ဝိုက်မှာဘဲနေပါ အဝေးကြီးမသွားပါနဲ့ ခြောက်နာရီထိုးရင်ပြန်ဆုံမယ် "

"ဟုတ်ကဲ့!!"

အားလုံးကလဲတစ်နေရာစီသူ့အဖွဲ့နဲ့သူထွက်သွားကြပီဖြစ်သည်။သူကတော့ယောင်လည်လည်နဲ့ဘဲ ဟိုကြည့်ဒီကြည့်လုပ်ရင်း

"Jimin မသွားဘူးလား"

Hoseokရဲ့ခေါ်သံကြောင့်သူလှည့်ကြည့်တော့ Yoongi hyungနဲ့အတူရပ်နေတာကိုတွေ့လိုက်ရသည်

"ဟို ဘယ်ကိုသွားရမှန်းမသိတာနဲ့ ဒီတိုင်းရပ်နေတာ"

သူတို့စကားပြောနေစဉ် TaeHyungကအနာရောက်လာပြီးYoongi hyungကိုဆွဲကာ

"Hyung...ကျနော်နဲ့ အပင်တွေသွားကြည့်ရအောင် နော် လာပါ"

"Hoseok ငါသွားလိုက်အုံးမယ်"

Yoongi hyungကပြောပြီးတော့Taehyungနဲ့အတူထွက်သွားလေသည်။Hoseokနဲ့Jiminသာကျန်နေခဲ့ပြီး

"မထူးပါဘူး မင်းနဲ့ငါအတူတူ ဂဏာန်းသွားကြည့်ရအောင်"

Hoseokပြောတော့သူခေါင်းငြိမ့်လိုက်သည်။ ရေစပ်မှာအတူထိုင်ရင်း စောင်းစောင်းလေးသွားနေတဲ့ဂဏာန်းတွေကိုသာကြည့်နေကြသည်.

"ဘယ်လိုလဲ ဖွင့်ပြောလိုက်လား"

Hoseokဘက်ကစကားစတော့ သူသက်ပြင်းတစ်ခုကိုချလိုက်ရင်း

Couple=UncoupleWhere stories live. Discover now