Paradise ❤️ S-2
{Part-1}
လျှပ်စီးလက်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ အချိန် BaekHyun ကိုယ်တိုင်ကိုယ်ကျ ကားမောင်းပြီး အလုပ်က ပြန်ခဲ့သည်။ ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို နွေးထွေးမှု ပေးနိုင်မယ့် မောင့် ကို တမ်းတမိပါရဲ့....
ခြံဝင်းထဲ ကားဝင်လာတဲ့အချိန် အရင်လို ' ပြန်လာပြီလား ' လို့ ဂရုတစိုက် မေးတဲ့အသံ မကြားရတာကြာပြီ။ တီတီတာတာ စကားတွေပြောပြီး ချွဲတတ်တဲ့ သမီးလေးရဲ့ အမူအရာလည်း မတွေ့ရတာ ကြာပြီ။ ကျွန်တော့်ဘဝလည်း သားနှစ်ယောက်နဲ့သာ အထီးကျန်စွာ ကျန်ခဲ့ရသည်။
အိမ်ထဲဝင်လိုက်တဲ့အခါ ကလေးထိန်းကောင်မလေးတစ်ယောက်က သားကြီးကို ချီပြီးသိပ်နေတာ တွေ့လိုက်ရသည်။ အချိန်အားဖြင့် ၁၀ နာရီထိုးနေပြီမို့ သားသားတို့ အိပ်ချိန်ကျော်နေပြီလေ။
" Charnu လေး အိပ်တော့မှာလား ?"
အသံတိုးတိုးနဲ့ မေးလိုက်တဲ့အခါ ကလေးမလေးက
" စောစောက အိပ်ပျော်သွားပါပြီ အစ်ကိုလေး... အခု တရေးနိုးဂျီကျနေလို့ပါ "
" ပေး...ငါ့ကို , နင် Charhu လေးကို သွားကြည့်ပေး "
" ဟုတ်ကဲ့...အစ်ကိုလေး "
သားသားကို လွှဲယူလိုက်ပြီး အိပ်ပျော်အောင် သိပ်နေလိုက်သည်။ ကျွန်တော်တောင် ဒီလောက် သတိရနေမိတယ်ဆိုရင် သားသားတို့ဆို ပိုလွမ်းရောပေါ့။
တစ်ခါတစ်လေ Daddy လို့ ခေါ်ပြီး လွမ်းပြတဲ့အခါ ကျွန်တော့်မှာ ပြန်ပြောစရာ စကားမရှိ။ အစ်မဖြစ်သူကို မေးတဲ့အခါတိုင်းလည်း ကျစရာ မျက်ရည်မရှိလောက်တော့သည်အထိ နာနာကျင်ကျင် လွမ်းမိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အပြစ်တွေချည်းမို့ ကျွန်တော်ကိုယ်တိုင် လိုအပ်ခဲ့တာတွေမို့ မောင့်ကို နည်းနည်းလေးမှ အပြစ်မမြင်မိပါလေ.....
သားကြီး အိပ်မောကျသွားလောက်တဲ့ အချိန်ကျမှ သားသားတို့အခန်းထဲဝင်ကာ ကုတင်ပေါ်မှာ နေရာချပေးလိုက်သည်။ ကလေးမ လေးကလည်း ကျွန်တော်ဝင်လာတာမြင်မှ အခန်းထဲက ပြန်ထွက်သွားသည်။