Paradise ❤️ S-2
{Part-9}
' ရယ်သံလေးတွေ......အင်း..... ရယ်သံတွေပေါ့ '
နှစ်ရက် ခရီးဟာ လေး ရက် လောက် ကြာနေပြီမို့ အလုပ်ပြီးပြီးချင်း အစောဆုံး flight နဲ့ ပြန်လာခဲ့သည်။ အမြွှာလေးတွေလည်း နေမကောင်းဖြစ်နေသလို မောင်လည်း အဆင်မပြေဘူူးလို့ ညည်းညူလာတာကြောင့် နေ့လည် flight လေး စီးပြီး နားနားနေနေ မနေနိုင်ခဲ့ပေ။
အိပ်နေကြမှာ စိုးသလို မောင် လည်း အလုပ်ရှုပ်နေမှာ စိုးတာကြောင့် ဖုန်းတောင် မဆက်ပဲ တန်းလာခဲ့တာ။ သို့သော်လည်း အနည်းငယ် ပွင့်နေတဲ့ အိမ်တံခါးမှ မြင်လိုက်ရတဲ့ မြင်ကွင်းဟာ ရင်ကို စုံကန် ထိမိစေသည်။
အိမ်အကူကောင်မလေး ရင်ခွင်ထဲက သားသားကို လှမ်း နမ်းနေတဲ့ မောင်.... ပျော်မြူးနေကြတဲ့ ကလေးငယ်လေးတွေ ! သူတို့ တကယ်ပဲ ကျွန်တော့်ကို မလိုအပ်ဘူးလား ?
တွေ့ချင်လွန်းလှသည့် စိတ် ၊ စိတ်ပူလွန်နေသည့် စိတ် တို့ တစ်စစီ ချိုးဖဲ့ခံလိုက်ရသလို..... အဆင်မပြေဘူးလို့ ပြောပြီး ဒီလို ပျော်မြူးနေတော့ ရသလား မောင် ?
အိမ်အကူနဲ့ကအစ သဝန်တိုနေတာ မဟုတ်ပဲ ကိုယ်မရှိပဲ ပျော်နေ မြူးနေကြတဲ့ ကိုယ့် မိသားစုကို စိတ်ဆိုးခြင်းဟု အမည်တပ်ချင်သည်။
ကျွန်တော် ဒီလောက်ထိတော့ သဝန်မကြောင်တတ်ပါဘူး။
ရှုပ်ထွေးသွားတဲ့ စိတ်အစဉ်ကို ပြောပြနိုင်သည်အထိလည်း ကျွန်တော် ကလေးမဆန်ချင်ဘူး။ပွင့်နေတဲ့ တံခါးကြောင့် ဘဲလ်တီးမနေတော့ပဲ အိမ်ထဲသို့ တန်းဝင်လိုက်သည်။ ထိုအခါကျတော့လည်း ကျွန်တော့်ဆီ အပြေးလာကြတဲ့ ကလေးငယ်လေးတွေ.... မောင် လည်း ပါတာပေါ့။
" ဟာ....Appa ပြန်လာပြီ !!!! "
" Pa~~~~!!!"" Baek.... ရုတ်တရက်ကြီးပါလား ? "
အနားကို လျှောက်လာပြီး မျက်လုံးပြူးတူးတူးနဲ့ မေးနေတဲ့ မောင်.... သို့သော်လည်း အခုချိန်မှာ သူ့ကို အမြင်မကြည်ချင်။
" အင်း~~~"
သူ မေးတာကို အင်း လို့သာ ပြန်ဖြေလိုက်ပြီး ကလေးတွေဆီ မျက်နှာလွှဲလိုက်တာကြောင့် မောင် တော့ အံ့သြကောင်း အံ့သြနေပါလိမ့်မယ်။ ဒါပေမယ့်လည်း ဂရုမစိုက်ချင်။