Paradise ❤️ S-2
{Part-10}
" ဒီနေ့ schedule လေးတွေ ပြောပါဦး "
" ၁၀ နာရီမှာ အစည်းအဝေးရှိပါတယ် ဆရာ....နေ့ခင်း ၂ နာရီမှာ ဂျပန်က Mr.Yotaki နဲ့ တွေ့ဖို့ရှိပါတယ်..... ညကျရင်တော့ Light company ရဲ့ နှစ်ပတ်လည် dinner ပွဲ တက်ရပါမယ် "
မနက်က Baek နဲ့ စကားများလာပြီး လူက စိတ်နဲ့လူနဲ့ မကပ်တာကြောင့် သိပြီးသား schedule တွေ ပြန်မေးနေရသည်။
" ကောင်းပြီ.... အစည်းအဝေးအတွက် ပြင်ဆင်စရာရှိတာ ပြင်ထားလိုက်ပါ "
" ဟုတ်ကဲ့ပါ ဆရာ "
အတွင်းရေးမှုး ထွက်သွားတော့မှ ထိုင်ခုံ၌ မှီချလိုက်ကာ စည်းနှောင်ထားတဲ့ necktie ကို အနည်းငယ် လျှော့ချလိုက်သည်။
ထို့နောက် ခေါင်းထဲ တရိပ်ရိပ် ပေါ်လာသည်က မနက်က Baek နဲ့ အချေအတင်ဖြစ်လာမှုတွေ။ ကိုယ့်အမှား မရှိပါပဲ အအော်ခံခဲ့ရတာကြောင့် သိပ်တော့ မကျေနပ်ချင်ပေမယ့် ကျွန်တော် သူ့ကို အပြစ်မမြင်မိ။ ကျွန်တော် ဘာများ လိုအပ်နေသလဲ လို့သာ အခါခါ စဉ်းစားနေမိတာ။
အဖေ့ ကျန်းမာရေး အခြေအနေ ၊ ရှုပ်ထွေးလွန်းတဲ့ အလုပ်အခြေအနေတွေ ၊ ကရိကထ များလွန်းတဲ့ ကလေးတွေ ဝေယျာဝေစ္စတွေကြောင့် သူ ဘယ်လောက် စိတ်ပင်ပန်းလဲ သိနေတာမို့ ကျွန်တော့်အနေနဲ့လည်း ဖိအားမပေးချင်ခဲ့ဘူး။
ပင်ပန်းစေတဲ့ အကြောင်းအရာထဲမှာ မောင် ပါနေခဲ့ရင် တောင်းပန်ပါရစေ မောင့်သည်းငယ်ရယ်...
သက်ပြင်း တစ်ချက်ချရင်း လက်ထဲက ဖုန်းကို ဖွင့်ကာ Jongdae ဆီ ဖုန်းဆက်လိုက်သည်။ ထွေထွေထူးထူး ရှိလားဆိုတော့လည်း မဟုတ်။ ဒီအတိုင်း စိတ်ရှုပ်ထွေးမှုကို ဖြေဖျောက်ဖို့ စကားနည်းနည်း ပြောချင်ရုံသာ.....
Jongdae နဲ့ xiumin hyung နဲ့က သားလေး မွေးထားသည်လေ။ သားသားတို့နဲ့ လပိုင်းလောက်သာ ကွာသည့်အပြင် သားတွေ ရင်းနှီးမှုရအောင်လည်း ခဏခဏ စုံဖြစ်ကြပါသည်။ ယောက္ခထီး နမကောင်း မဖြစ်ခင် အချိန်ထိပေါ့။
အခုတော့လည်း ကျွန်တော်တောင် Baek နဲ့ မျက်နှာချင်းဆိုင်ဖို့ ခက်ခဲလှသည့် အခြေအနေ....