Paradise ❤️ S-2
{Part-8}
" overseas ? "
" အင်း..... ဂျပန်ကို "
ကားထဲ ဝင် ထိုင် ပြီးပြီးချင်း ပြောလိုက်သည်မို့ ကားစက်နှိုးသံနဲ့အတူ ထွက်ပေါ်လာတဲ့ မောင့် အသံ
" ဘယ်တော့လဲ yeobo "
" မနက်ဖြန်နေ့လည် flight နဲ့ မောင် .... ၂ ရက်လောက်တော့ ကြာမယ် "
" အင်း.... သွားလေ Baek , မောင် အားရင် လေဆိပ်လိုက်ပို့မယ် "
" ဟုတ်ပါပြီ.... အခုတော့ မောင်းတော့ ! အိမ်ပြန်ပြီး နားချင်နေပြီ "
" ဟုတ်ကဲ့ပါဗျာ...."
ပြန်ချိန် သိပ်မကွာတဲ့နေ့တွေဆို အခုလိုပဲ မောင်က လာကြိုပေးတတ်တယ်။
အချိန်အားဖြင့် ၈ နာရီကျော်နေပြီဖြစ်သည့်အပြင် နှစ်ယောက်လုံးလည်း ပင်ပန်းနေသည်မို့ ကလေးတွေအတွက်ကိုပင် အချိန်မပေးနိုင်။
ကလေးထိန်း ကောင်မလေးတစ်ယောက် ခေါ်ထားသည်မို့ သားသားတို့ရော မီးမီးပါ အဒေါ်ကြီးနဲ့ ကောင်မလေး လက်ထဲ၌သာ.... အဖေတွေ ပင်ပန်းနေတာ သိပုံရတယ်ထင်။ အရင်လို အနားသိပ်မကပ်ကြတော့ပေ။
အလုပ်ဝင်နေတာ နှစ်ပတ်လောက် ရှိနေပေမယ့် ကျွန်တော့်မှာ အလုပ်နဲ့ လက်နဲ့ ပြတ်သည်ကို မရှိ။ နားချိန်ဆိုတာကလည်း အိပ်ချိန် စားချိန်ပဲ ရှိသည်မို့။
အခုလည်း လုပ်စရာရှိတာ လုပ်ပြီး အိပ်ခန်းထဲ ဝင်လာတဲ့အခါ ၉ နာရီကျော်နေပြီ။ ကုတင်ပေါ်မှာ မောင်ကတော့ ဖုန်းသုံးနေဆဲ.....
ကျွန်တော်ဝင်လာတာ မြင်တော့မှ.......
" ကလေးတွေ အိပ်ပြီ Baek ရဲ့.... မောင် Baek ကို စောင့်နေတာ ! အလုပ်တွေ ပြီးပြီလား ?"
" ပြီးပြီ... မနက်ဖြန် တစ်ခါတည်း သွားရုံပဲ !! Aiigoo ညောင်းလိုက်တာ "
ဖြေလည်းဖြေ ကုတင်ပေါ်လည်း တက်လှဲရင်း ညည်းမိတော့ မှောက်လျက်ဖြစ်နေတဲ့ ကျွန်တော့်ပုခုံးနဲ့ ကျောကို လာနှိပ်ပေးနေတဲ့ မောင့်လက်တွေ။
" တင်းနေတာပဲ !!! ဘယ်လောက်တောင် ခေါင်းငုံ့နေခဲ့တာတုန်း ? "