Paradise ❤️ S-2
{Part-13}
ခြံထဲက ခုံလေးမှာ ထိုင်ပြီး ပြီးပြီးသား အကြောင်းအရာတွေကို စဉ်းစားနေလိုက်တာ လက်ထဲမှာ ညှပ်ထားတဲ့ စီးကရက်လိပ်တောင် စားပွဲပေါ်က ပြာခွက်ထဲ ရောက်နေခဲ့သည်။
နံနက်စာ စားချိန် ကျော်လွန်ပြီး ၉ နာရီလောက် ဖြစ်သွားပေမယ့် ကျွန်တော့်ကို ဘယ်သူမှ လာမခေါ်ခဲ့ပေ။
ဒီလိုပါပဲ....မောင်နဲ့ သမီးငယ် ထွက်သွားပြီးတဲ့နောက်ပိုင်း အခုလို စကားတစ်ခွန်းမျှ မဆိုပဲ ငြိမ်သက်နေတတ်တယ်...
တစ်ခါတစ်ရံ တစ်ယောက်တည်း ရယ်လိုက် ငိုလိုက် ဖြစ်နေတတ်တယ်....
တစ်ခါတစ်လေ ဘယ်သူနဲ့မှ စကားမပြောပဲ နှုတ်ဆိတ်နေတတ်တယ်....ငါ မင်းကို လွမ်းတာ အရမ်းများ သိသာနေသလား မောင် !
ဝဲတက်လာတဲ့ မျက်ရည်တစ်ချို့ကို ထိန်းသိမ်းကာ အကြည့်တို့က ဘေးဘက်ကို ရောက်မိတော့ သူ လက်ဆောင် ပေးထားတဲ့ အပင်တစ်ချို့ကို တွေ့လိုက်ရသည်။
တစ်ချို့က သေကုန်လို့ ဖယ်ရှားပစ်လိုက်ရပေမယ့် ကျန်နေခဲ့တဲ့ တစ်ချို့ကတော့ လှသွေးကြွယ်စွာ သူ့ထက်ငါ အပြိုင် ပွင့်လန်းနေကြသည်။
ဒီလိုမျိုး ကိုယ် ရှင်သန်ဖို့ရာ အစွမ်းကုန် ပွင့်လန်းနေရတဲ့ ပန်းလေးတွေတောင် ရှိနေသေးရင် ဒီပန်းလေးတွေကို ပြုစုပျိုးထောင်နေတဲ့ ငါဟာ အဘယ်ကြောင့် မနက်ဖြန်တွေကို ကြောက်နေရသလဲ မောင် ?
ဒီအပင်လေးတွေကို လက်ဆောင်အဖြစ် ရတဲ့အချိန်မှာ ငါ ပျော်လွန်းလို့ ငိုခဲ့ဖူးတယ်....
ဒီအပင်လေးတွေ မိုးဒဏ်မခံနိုင်မှာစိုးလို့ ထွက်ကြည့်ရင်း ငါ ချော်လဲခဲ့ဖူးတယ်.....
ဒီအပင်လေးတွေကို ရှင်းလင်းနေရာချရင်း မင်းတို့ သားအဖတွေ ပျော်ခဲ့ဖူးတယ်...
ငါကလည်း ဒီမြင်ကွင်းကို သဘောတကျ ရယ်မောရင်း ရပ်ကြည့်နေခဲ့ဖူးတယ်....မျက်လုံးစုံမှတ်ပြီး ပုံရိပ်တို့ကို မြင်ယောင်ကြည့်ရင်းနဲ့ ငါ့ပါးပြင်တို့ ထပ်လောင်း စိုစွတ်လာပြန်တယ်။
ငါ မငိုချင်ဘူးလေ .....
💔💔💔💔💔💔💔💔💔💔💔💔💔💔