Paradise ❤️ S-2 {Part-3}

7.4K 644 21
                                    

Paradise ❤️ S-2

{Part-3}

မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ အသည်းအသက်လေးကို Chanyeol တစ်ချက်ချောင်းကြည့်လိုက်သည်။ အဒေါ်ကြီးက လူကြီးတွေစားဖို့ ချက်ပေးနေတာကြောင့် Baek က သားသားတို့ စားဖို့ ကိုယ်တိုင် ချက်ပြုတ်တတ်သည်။

ဒီနေ့ နေ့လည် ယောက္ခမအိမ်ကနေ ပြန်လာတည်းက နှိပ်လည်းမပေးသလို ဆေးလည်း မတိုက်။ သူလုပ်စရာရှိတာသာ တကုပ်ကုပ်နဲ့ လုပ်နေတာမို့ ကျွန်တော် နည်းနည်းလေးတော့ မကျေမနပ်ဖြစ်မိတယ်။

ကလေးတွေလည်း သူတို့အခန်းထဲမှာ TV ဖွင့်ပေးခဲ့တာမို့ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ ကလေးတွေအဖေကို အပေါ် ခေါ်တင်ရမယ်။ ဒါကြောင့် မီးဖိုချောင်ထဲ ဝင်သွားလိုက်ကာ အနောက်ကနေ ခါးလေး ဆွဲဖက်လိုက်သည်။

"အမလေး....!! လန့်လိုက်တာ မောင်ရာ "

" Baek က မောင့်ကို ဆေးလည်း မတိုက်ဘူး ... သက်သာလားလို့လည်း မမေးဘူး "

" ကလေးတွေအတွက် ဟင်းချက်ပြီးတာနဲ့ မောင့်ဆီ လာမလို့ပါ....အ့...မောင်!! အဒေါ်ကြီးရှိနေတာကို "

အနောက်ကနေ ဖက်ထားရုံတင်မဟုတ်ဘူး....သူ့အကျင့်အတိုင်း နားရွက်ကိုပါ တတိတိ လိုက်ကိုက်နေတာကြောင့် လှမ်းပြီးသတိပေးရသည်။

" အဒေါ်ကြီး...မျက်စိခဏမှိတ် "

" အေး...အေး အဒေါ်ကြီး ပြီးပါပြီ Chanyeol လေးရဲ့..., အဟမ်း ! မီးပူသွားတိုက်လိုက်ဦးမယ်နော် "

အလုပ်တွေ လက်စသတ်ပြီး ရှောင်ထွက်သွားတဲ့ အဒေါ်ကြီးကို နောက်နေ့မှ မုန့်ဖိုးပေးရမယ်။ အခုတော့ ရင်ခွင်ထဲမှာ မုန်လာဥနီကြော်နေတဲ့ အချစ်ကလေးပဲ ရှိတော့တယ်။

" မောင် လက်ခဏ ဖယ်....ဒီမှာ ဒယ်အိုးနဲ့ လာထိမိတော့မယ် "

" ဒါပြီးရင် ပြီးပြီလား ?"

" အင်း...ပြီးပြီ , ဒါနဲ့ ကလေးတွေရော...?"

" သူတို့အခန်းထဲမှာ...မောင် TV ဖွင့်ပေးခဲ့တယ် "

စကားပြောနေရင်းကနေ အကျႌအောက်ကို လျှိုဝင်လာတဲ့ လက်တစ်စုံကြောင့် ရင်ထဲ ဒိတ်ခနဲ။ မောင်ဟာ အခုထိ ရင်ခုန်အောင် ပြုစားသလို ကျွန်တော်ဟာလည်း အခုထိ ရင်ခုန်နေတုန်း....

Paradise ❤️ S-2 Onde histórias criam vida. Descubra agora