Paradise ❤️ S-2
{Part-2}
လွန်ခဲ့သော ၆ လခန့်က~~~
" မောင်ရေ .... ရေချိုးပြီးရင် ကလေးတွေအခန်းထဲ လိုက်ခဲ့နော် , ဒီမှာ အကျႌထုတ်ပေးထားတယ် "
ရေချိုးခန်းထဲ ဝင်သွားတဲ့ Chanyeol ကို BaekHyun လှမ်းအော်နေသည်။ သူ့ကို အရင်နှိုးပြီးမှ သားသားတို့ မီးမီးတို့ကို နှိုးပြီး လုပ်ပေးစရာရှိတာ လုပ်ပေးလို့ရမှာလေ။ မဟုတ်ရင် ကလေးတွေ မနက်စာ စားဖို့ အကြာကြီးစောင့်နေရလိမ့်မယ်။ အရမ်းရစ်လွန်းလို့ပါလေ.....
" အင်း...yeobo, မောင် ပြီးပြီ "
ရေချိုးခန်းထဲက အသံပြန်ပေးလာတာကြောင့် ကျွန်တော် တစ်ချက်ပြုံးလိုက်မိတယ်။ ဘာလို့ပြုံးသလဲဆို ချစ်တာမို့ ......
ကလေးတွေအခန်းထဲဝင်ပြီး အရင်ဆုံး Byeol လေးကို နှိုးရသည်။ ဒီကလေး ၅ နှစ်ပြည့်နေလို့ မူကြိုပို့ရကောင်းမလား စဉ်းစားထားတာကြောင့် နံနက်ခင်းဆို စောစောထမှဖြစ်မည်။ ( သူတို့ဆီမှာ ၆ နှစ်မှ မူကြို စ ထားကြတာ သိကြတယ်ဟုတ်)
" မီးမီး.... ထ တော့လေ , နေတောင်ပူနေပြီ သမီးလေးရဲ့ "
ပါးဖောင်းဖောင်းလေးကို အသာဖြစ် ပြီး နှိုးလိုက်တော့ လက်နှစ်ဖက်နဲ့ မျက်လုံးလေးတွေပွတ်ကာ သန်းနေသည်။ ဒီအကျင့်ဟာ မနက်အိပ်ယာနိုးတိုင်း မောင်နှမသုံးယောက်လုံး လုပ်နေကျ အကျင့်လေး။ အဖေနှစ်ယောက်မှာ မရှိပါပဲနဲ့လေ....
" ထနော်...Byeol လေး , Appa မောင်မောင်လေးတွေကို နှိုးလိုက်ဦးမယ် "
" ဟုတ် Pa~~ မီးမီး ထပြီ "
လိမ္မာလွန်းတဲ့ သမီးငယ်ဟာ ငုတ်တုတ်လေး ထ ထိုင်ကာ ရေချိုးခန်းထဲဝင်သွားသည်။ ကဲ...တစ်ယောက်ပြီးတော့ နောက်နှစ်ယောက် ><
" Appa သားလေးတို့ ..... မုန့်မုန့်တွေ ကုန်ပြီတဲ့ !! နောက်ကျမှ ထတဲ့သူ မစားရတော့ဘူးနော် "
သူ့တို့ကို နှိုးနည်းက ဒီလိုလေးပေါ့။ မုန့်နဲ့မှ မနှိုးရင် ဆင်ကြီးလာပြီဆိုလည်း မထတဲ့ အိပ်ပုတ်နှစ်ကောင်။ အခုလည်း မုန့်တွေကုန်ပြီ ဆိုတော့ မျက်လုံးမပွင့်ဘဲ ကုန်းရုန်းထလာကြသည်။ ဆံပင်စုတ်ဖွားလေးတွေနဲ့ ဝတ်ပေးထားတဲ့ အနွေးအကျႌတွေဟာလည်း အပေါ်ကို လိပ်တက်လို့။ သူတို့အဖေနဲ့ တစ်ပုံစံတည်းပဲ။