Part 1

19.4K 335 7
                                    

At K Group မမလေး Morning ဒီနေ့ မမလေး meeting ရှိတယ်နော် အဲတာပီးရင်တော့ ကျန်တာသိပ်မရှိတော့ဘူး မမလေး
Ok Ok Thank you စင်ဒီ မမနဲ့ meeting လိုက်တက်ရမယ်နော် မမဒီနေ့နေသိပ်မကောင်းလို့ လိုအပ်တာလေးတွေကို စင်ဒီ မှတ်ထားပေးနော် ပီးရင် မမ စောစောပြန် နားလိုက်တော့မယ်။ ဟုတ်ကဲ့ မမလေး
ဒီ K group ရဲ့ Director Jennieu ကို သူ့ အတွင်းရေးမှူး စင်ဒီကလွဲပီး ဘယ်သူမှ သူ့နဲ့ ရင်းရင်းနီးနီး မနေရဲ အလုပ်ကြိုးစားသလောက် စည်းကမ်းကြီးသည် မာနကလည်းကြီးပါ့ အရမ်းချောလွန်းလို့ သူ့ကိုပိုင်ဆိုင်ချင်တဲ့သူတွေအများကြီးရှိပေမယ့် ဘယ်သူ့ကိုမှ သူပြန်မချစ် သူ့နှလုံးသားကို အသက်ဝင်လာအောင် လုပ်နိုင်မယ့်သူမရှိဘူးဆိုတဲ့ မာနလေးကတစ်မျိုး အလုပ်ကိုပဲ အာရုံစိုက်နေတော့ သူ့အချစ်ရေးအတွက် အချိန်မရှိတာက တစ်ကြောင်း အိမ်မှာလည်း သူနဲ့ သူ့ဒယ်ဒီ နှစ်ယောက်ထဲ ဆိုတော့ သူမ ချစ်ရတဲ့ ဒယ်ဒီကို ချွဲလို့မဝသေး မခွဲနိုင်သေးတာကြောင့် သူတစ်ယောက်ထဲ ပဲ နေလာတာ အခုဆို သူမ အသက် ၂၅ နှစ်တောင် ရှိနေပီ ။ လုပ်ငန်းကြီးတစ်ခုလုံးကို သူပဲ ဦးဆောင်လုပ်နေရတော့ အလုပ်မှာ မာမာကြောကြော နေပေမယ့် အိမ်ပြန်ရောက်လို့ သူ့ဒယ်ဒီ အနားမှာဆို တကယ့် ကလေးလေးပါပဲ စိတ်ထားနူးညံ့ပီး စိတ်ဆိုးစိတ်ကောက်ကလည်းလွယ်ပါ့ ခေါင်းကလည်းမာသေး Mr.Kim ကလည်း Jennie လေးကို သူတစ်ယောက်ထဲ စောင့်ရှောက်လာရတာဆိုတော့ ချစ်လို့ အလိုလိုက်ထားတာပေါ့ အဲတာကြောင့် ဆိုးနေတာနေမှာ ။
ကဲ စင်ဒီရေ မမ အိမ်ပြန်လိုက်တော့မယ်နော် အဲတာဆို တစ်ခုခုဆို မမကို ဖုန်းဆက်လိုက် ဒါပဲမလား ဒီနေ့တော့
ဟုတ် မမလေး အော် မေ့တော့ မလို့ မမ ခုနက ဆရာ ဖုန်းဆက်တယ် ညနေ မမနဲ့ ညစာစားချင်လို့တဲ့ အပြင်မှာ သားဖ နှစ်ယောက် စကားပြောရင်း တိုင်ပင်စရာလေးရှိလို့ မမလေး အချိန်ဇယားရှင်းထားဖို့ ပြောထားတယ် ။ အော် ဟုတ်လား အိုခေ စင်ဒီ မမ ဒယ်ဒီကို ဖုန်းဆက်လိုက်မယ်နော် မဟုတ်လည်း အိမ်ပြန်မှာဆိုတော့ ဒယ်ဒီ အပြင်မသွားရင် မမနဲ့ အိမ်မှာတွေ့မှာပါ အိမ်ကနေပဲ သွားလိုက်တော့မယ်နော် ဘိုင့် စင်ဒီ မမ သွားတော့မယ် ။ Jennie တစ်ယောက် နေသိပ်မကောင်းတာနဲ့ အလုပ်ကနေ နားဖို့အိမ်ပြန်လာရင်း လမ်းမှာ သူမ ဒယ်ဒီက ဘာလို့ ထူးထူးဆန်းဆန်း အပြင်မှာ ညစာ စားဖို့ ပြောလာတာလည်းစဉ်းစားနေမိလေရဲ့ ။

Love of my life Where stories live. Discover now