Part 2

9.7K 289 10
                                    

Ring ring ring  ဟဲလို Chaeng 
yah Lisa နင်ခုဘယ်မှာလဲ
ငါ company သွားနေတာ လမ်းမှာ ဘာလို့လဲ ?
ဘာမှ တော့ မဟုတ်ပါဘူးဟာနင်ဒီ န့ညနေအားလားလို့ ငါတို့မတွေ့ရတာကြာပီလေ တွေ့ရအောင်လို့  
အေးဟုတ်တယ် မတွေ့ရတာကြာပီ ဒီနေ့ညနေ ဒီနေ့ညနေ အားလားဆိုတော့ ဟာ ဒီနေ့မရဘူးပဲ ငါ ဖေဖေ မေမေတို့နဲ့ ညစာ စားဖို့ပြောထားတယ် သူတို့ ဒီနေ့ငါ့ကို အရေးကြီး ကိစ္စရှိလို့ အပြင်မှာသွားစားမယ် ပြောထားတာဟ နင်မနက်ဖြန်ရလား ငါ မနက်ဖြန်ညနေကြ နင့်အတွက် အချိန်ပေးမယ်လေနော် စိတ်မဆိုးနဲ့နော်
အေးပါ အေးပါ ဟုတ်ပါပီ သူဌေးရယ် အလုပ်ကလည်းများချက် နင်အဲလိုဖြစ်နေလို့ ချစ်သူမရှိတာသိလား နင်မြန်မြန်ရှာတော့ အဲတာမှ ငါလည်းနားအေးမှာ
ဟာ နင်ကလည်း ငါချစ်တဲ့သူမှ မတွေ့သေးတာ ငါက ငါတကယ်ချစ်တဲ့သူတွေ့မှ တစ်ခါထဲ လက်ထပ်မှာနော်
ဟဟဟ ဟုတ်ပါပီ လီဆာရေ အဲဒါဆိုလည်းဒါပဲ နောက်မှပြန်ဆက်ခဲ့မယ်နော်
အိုခေအိုခေ see you chaeng
ညနေဘက်ရောက်တော့ Jennie တစ်ယောက် သူ့ဒယ်ဒီနဲ့ ချိန်းထားတဲ့နေရာကို သွားဖို့ပြင်ဆင်နေသည် ဒယ်ဒီ က အလှဆုံးဝတ်လာခဲ့လို့ပြောထားသဖြင့် သူအကြိုက်ဆုံးဂါဝန်လေးကိုဝတ်ပီး နတ်သမီးလေးလို အရမ်းလှနေတော့တာပဲ ဒယ်ဒီက ဟိုတယ်စားသောက်ဆိုင်မှာပဲ တွေ့မယ်ပြောလို့ သွားခဲ့သည် သူဘာမှမစဉ်းစားမိ ဒယ်ဒီနဲ့ နှစ်ယောက်တူတူ အပြင်မှာညစာစားရမယ်ဆိုတဲ့စိတ်နဲ့သာ ပျော်နေမိရင်း ဟိုကိုရောက်တော့ သူမရဲ့ဒယ်ဒီကရောက်နှင့်နေပီ ပီးတော့ ဒယ်ဒီတစ်ယောက်ထဲမဟုတ် ဒယ်ဒီရဲ့ရှေ့မှာ အရမ်းကျက်သရေရရှိတဲ့ စုံတွဲတစ်တွဲ ဒယ်ဒီမိတ်ဆွေတွေပဲနေမှာပါလေ ဟိုင်းဘေဘီ ရောက်လာပီလား ဒယ့်ဒီနားမှာလာထိုင် သမီးကို မိတ်ဆက်ပေးမယ်
အစ်ကိုနဲ့ အစ်မရေ ဒါက ကျွန်တော် ချစ်ရတဲ့ တစ်ဦးထဲသော သမီးလေး Jennie Kim တဲ့ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ရှင့် အန်တီနဲ့အန်ကယ် သမီးလေးကလှလိုက်တာ အန်ကယ်တို့ကလည်း ဝမ်းသာပါတယ်သမီးရယ် ဟုတ်ကဲ့ရှင့် ဒယ်ဒီ သမီးကိုဘာလို့ခေါ်လိုက်တာလဲ နှစ်ယောက်ထဲ ညစာစားမယ်မှတ်နေတာ သူမဒယ်ဒီကို တိုးတိုးလေးမေးနေသည် သမီးကိုဒယ်ဒီပြောမှာပါ သမီး တကယ်တော့ ဒယ်ဒီသမီးကို အိမ်ထောင်ချပေးချင်လို့ ဒီကိုခေါ်လိုက်တာပါ ဒီဘက်က အန်တီနဲ့အန်ကယ်က သမီးယူရမဲ့ မိန်းကလေးရဲ့ မိဘတွေပဲ ရှင် ဒယ်ဒီ မိန်းကလေး သမီးကမိန်းကလေးကိုယူရမှာလား နောက်ပီး ရုတ်တရက်ကြီး ရုတ်တရက်မဟုတ်ဘူးဆိုတာ သမီးသိမှာပါ ဒယ်ဒီ သမီးကို ဒီအကြောင်းတွေ နဲနဲချင်းပြောပြထားတာပဲ ဟုတ်ပါတယ် သူမသာ သတိမရတာ ဒယ်ဒီက သူမကို စိတ်မချတဲ့အကြောင်း အိမ်ထောင်ရေးကိစ္စစဉ်းစားထားတယ်ဆိုတဲ့အကြောင်း ကြုံရင်ကြုံသလိုပြောနေကြပင် တကယ်ဆို ဒီနေ့ညနေချိန်းထဲက သူမ သိရမှာ ဒယ်ဒီကိုချစ်ပီး ယုံကြည်ပီးသားမို့ သူမဘက်က ငြင်းဖို့စိတ်ကူးမရှိပါ အချစ်ကိုမစဉ်းစားတဲ့သူဆိုတော့ သူမဒယ်ဒီ သဘောအတိုင်းအကုန်လုပ်ပေးဖို့ မခက်ခဲလှပါ ပီးရင် အဆင်ပြေသွားမှာပဲ သူမ အလုပ်လောက်ကိုသာ စိတ်ဝင်စားသူမလား ဒီလိုနဲ့ စကားပြောနေရင်း အန်တီ နဲ့ အန်ကယ်က သူတို့ သမီးအကြောင်းတွေ ပြောပြနေလေ ရဲ့ ခနနေလာမယ့်အကြောင်း company တစ်ခုလုံးသူပဲ ဦးစီးလုပ်နေတယ်ဆိုတဲ့အကြောင်း ဟွန်း သူမလည်း တူတူပါပဲနော် ဒီကိစ္စလောက်ကတော့ Jennie တို့ကစိတ်မဝင်စားပါဘူး သူမကို စိတ်ဝင်စားအောင် လုပ်လိုက်တာက အန်ကယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်ပင် သမီးရေ သူကအကုန်တော်တယ်ဆိုပေမဲ့ အန်ကယ်တို့နဲ့ တူတူလည်းမနေဘူး သူအိမ်သပ်သပ်ခွဲနေတယ် ပျော်ပျော်နေတတ်တယ် ရည်းစားများတယ်တဲ့ အဲတာကြောင့် လိမ်မာတဲ့ သမီးလေးနဲ့ အမြန်လက်ထပ်ပေးပီး သူ့ကို တည်ငြိမ်စေချင်နေပီ သမီးလေးရယ် ရည်းစားများတယ် ဟွန်းး ဒါဟာ ဘယ်လိုမှ Jennie မစဉ်းစားပဲနေလို့မရတဲ့ ကိစ္စ ဒီလောက်မာနကြီးပီး အလုပ်ကိုတန်ဖိုးထားတဲ့သူမ အတွက် သူတို့လက်ထပ်ပီးရင် သူယူထားတဲ့ မိန်းမက ရှုပ်ပါတယ် ပွေပါတယ်ဆိုတဲ့ အသံတွေကြားရမှာကို ဘယ်လိုမှ လက်မခံနိုင် တခြားကြောင့်တော့မဟုတ်ပါ အားလုံးက သူမ ဂုဏ်သိက္ခာတစ်ခုထဲအတွက်ပင် ကျန်တာအားလုံးဘာမှ သူမခေါင်းထဲမရှိ သူ့ မာနကို ထိခိုက် ဂုဏ်သိက္ခာကို ထိခိုက်လာမှာက လွဲရင် ကျန်တာဘာမှ စိတ်မဝင်စားတဲ့ သူမ ဒီအချက်ကိုတော့ သူယူရမယ်ဆိုတဲ့ မိန်းကလေးလာရင် သေသေချာချာ ပြောရဦးမယ် ........


Hi အားလုံးအဆင်ပြေလားမသိဘူး
အဆင်ပြေတယ်ဆိုမှ update ပေးပါ့မယ်နော် ဒီ fic က Happy ending ပါ ကြိုပြောထားတာရယ် ကိုယ်တိုင်က Sad ending မကြိုက်လို့ ပီးတော့ Ro မှာပါနော် 😁

Love of my life Where stories live. Discover now