Part 6

4.2K 270 8
                                    

ဘာာာာာ အဲတာဆို နင်က Jennie unnie ကို လက်ထပ်ရမယ်ပေါ့ ရား Lisa ရား နင် ငါ့ကို လာလိမ်မနေနဲ့ မဖြစ်နိုင်ဘူး နင်က ဘာလို့ ဒီလောက်ချော ဒီလောက်လှ ဒီလောက်နာမည်ကြီးပီး ဘယ်သူမှ အနားမကပ်ရဲတဲ့သူနဲ့ ချက်ချင်းကြီးယူရတော့မှာလဲ မဖြစ်နိုင်တာ ဟား လုံးဝမယုံဘူး

အေး နင့်ဘာနင်ယုံချင်ယုံ မယုံချင်နေ ငါက လကုန်ရင် သူနဲ့ မင်္ဂလာဆောင်ရမယ် ဒီမှာသူရဲ့ Business card မြင်တယ်မလား နင့်ကို အကုန်လုံးပြောပြပီးပီကို ဘာတွေ မယုံနိုင်ဖြစ်နေတာလဲ

Lisa ရား နင်တကယ် အရမ်းကံကောင်းတာပဲ ငါက အဲ unnie ကို အရမ်းသဘောကျတာ နင်နော် ယူတာကတော့ဟုတ်ပါပီ Somi ကို ဘယ်လိုလုပ်မှာလဲ နင့်ဘက်က ဘာမှ မဆိုင်ဘူးဆိုပေမဲ့ သူကတော့ နင့်ကို အတင်းနော် သူဒီသတင်းကြားရင် ငြိမ် မနေလောက်ဘူး

ဟုတ်တယ် Chae ငါ သိတယ် ခုတော့ ငါသူ့ကို ဘာမှမပြောထားသေးဘူး ပီးရင် နင်လည်းငါ့စိတ်ကိုသိတာပဲ သူ့ကို သနားလို့ ကောင်းကောင်းဆက်ဆံထားတာပါ သူငါ့အပေါ် ခံစားချက်ရှိနေတာတော့ ငါလည်း မတတ်နိုင်ဘူး ငါသူ့ကို သူငယ်ချင်းတစ်ယောက် ငါ့ဝန်ထမ်းတစ်ယောက်လိုကလွဲပီး ဘာမှ မပိုဘူး အဲတော့ သူ့အကြောင်းမပြောပဲနေရအောင်

ဟုတ်ပီ ထားလိုက်တော့ ဒါနဲ့ နင် သူက နင့်ကို ဖုန်းဆက်ဖို့ ဒါပေးထားခဲ့တာဆိုတော့ နင်ဆက်ပီးပီလား ဘယ်လိုလုပ်မှာလဲ ကျန်တာတွေကရော

မသိဘူးဟာ မဆက်ချင်ဘူး ငါကိုယ်တိုင်ပဲသွားတွေ့လိုက်တော့မယ်

......

ဟဲ့ အဲတာ Lalisa Manoban မလား ချောလိုက်တာနော် အပြင်မှာ ပိုချောတာပဲ သူက ဒီကို ဘာလာလုပ်တာလဲ မသိဘူး Woww လမ်းလျောက်တဲ့ပုံကအစ တကယ် မိုက်လိုက်တာ သူ့ကိုဘာလို့ သူ့ company က ဝန်ထမ်းကောင်မလေးတွေ သဲသဲ လှုပ်ဖြစ်နေတာလဲဆိုတာသိပီ ဟဲ့ နင်ကလည်း ငါတို့ မမလေး လည်းချောတာပဲကို သူတို့ နှစ်ယောက်သာ တွဲလို့ကတော့ တကယ်မိုက်မှာ 😆

ညီမရေ ညီမတို့ Director နဲ့ တွေ့ချင်လို့ပါ အစ်မ ဘယ်အထပ်ကို သွားရမလဲ မသိဘူး
ဟုတ်ကဲ့ ၂၄ လွှာမှာပါရှင့်
ကျေးဇူးပါညီမ

Love of my life Where stories live. Discover now