Part 21

4.9K 258 23
                                    

မနက်မိုးလင်းတော့ အခန်းထဲမှာ သူ့ကိုမတွေ့တော့ အစောကြီးထွက်သွားတယ်ထင်ပါတယ်

ဟွင်းး ကောင်းတယ် သွားနေ မမြင်ရတာပဲကောင်းတယ် ဒယ်ဒီ သမီး အလုပ်သွားတော့မယ်နော်

........................

မမ Morning

Morning စင်ဒီ မမ အခန်းထဲကို လိုက်ခဲ့

မမ ရုံးခန်းမှာလေ ... ဟို မမလေး Lisa ရောက်နေတယ်

ဘယ်တုန်းကရောက်နေတာလဲ ရတယ် စင်ဒီ မမနဲ့ လိုက်ခဲ့

Jen Morning ကော်ဖီသောက်မလား ကို ယူလာခဲ့မယ်နော်

Lisa ရှင် ဘာလုပ်နေတာလဲ ဒီမှာ

ကို က ဒီမှာ လာကူလုပ်ပေးမလို့

ဘယ်သူက ရှင့်ကို လာကူပေးဖို့ ပြောလို့လဲ မလိုဘူး ပြန်တော့ ဒီမှာ ဝန်ထမ်း အလုံအလောက်ရှိတယ်

မဟုတ်ဘူး Jen ..... ကို ဒယ်ဒီကိုပြောထား
........

ဒါ ကျွန်မ အလုပ် ဒယ်ဒီကို ပြောထားလည်း ကျွန်မ မလိုဘူးလို့ ပြောပီးပီလေ စင်ဒီ သူ့ကို ပြန်ခေါ်သွားလိုက်ပါ

Jen ကိုက

Lisa ရှင့်ကို ပြန်တော့လို့ ပြောနေတယ်နော် ရှင့်မှာအဲလောက်တောင် လုပ်စရာ မရှိဘူးလား ကျွန်မကို လာ မနှောက်ယှက်ပါနဲ့

ကို့ကို အဲလောက်တော့ မပြောပါနဲ့ တမင် ဒီကိုလာချင်လွန်းလို့ ကို့ Company က အလုပ်တွေကို ပစ်ထားပီး လာခဲ့တာ ကို ရှိနေတာ အနှောက်အယှက်ဖြစ်တယ်ဆိုလည်း ပြန်ပါ့မယ် ကို့ကို အော်ပီးတော့ နှင်ထုတ်စရာမလိုပါဘူး

မမ မမလေး Lisa က အစောကြီးထဲက ရောက်နေတာ စင်ဒီ မရောက်ခင်ထဲက ....

စင်ဒီ မမ ကို အစည်းအဝေးလုပ်ဖို့ စီစဉ်ထားပေး

ဟုတ် မမ

Lisa .... ဘာလို့ ဒီထိလိုက်လာခဲ့တာလည်း သူမ စိတ်ကို သိရဲ့သားနဲ့ အခုကြ လူကို စိတ်မကောင်းဖြစ်အောင်လုပ်တယ် သူမ ပြန်လို့ ပြောလိုက်တုန်းက သူ မျက်လုံးထဲက မျက်ရည်တွေကို မြင်ပါသည် .... အမြဲတမ်း လူဆိုးဖြစ်အောင်လုပ်တယ် ရှင့်ကို မုန်းလိုက်တာ .......... ( Lisa လေး သနားပါတယ် 😞 )

Love of my life Where stories live. Discover now