Part 11

4.2K 261 9
                                    

ဟင် နင်တို့ကလည်း အဲလိုကြီးလား Lisa ရယ် လက်ထပ်ပီးတာပဲ တစ်လပြည့်တော့မယ်ကို နင်က ခုထိ ကုတင်ပေါ်မှာတောင် မအိပ်ရသေးဘူးပေါ့ ဟားဟားဟား Lisa ရယ် ငါ့မှာ ရီလည်းရီချင်တယ် သနားလည်း သနားတယ် နင့်ကို Jennie unnie နဲ့တွေ့မှပဲ နင် ခံနေရတယ် Lisa ရယ် 😂

အေးဟာ သူငါ့ကို တကယ်ပဲ ဂရုမစိုက်တာလား ခုချိန်ထိ မယုံကြည်သေးတာလား ဘာမှန်းကို မသိတော့ပါဘူးဟာ တကယ်ဆို ဒီနေ့ တစ်လပြည့်တာ သူလည်း သတိရမှာမဟုတ်ဘူး ငါလည်း ဘာလုပ်ပေးရမှာလဲ သူကမှ ငါ့ကိုအကောင်းမမြင်တာ နှစ်ယောက်လုံးကလည်း အားကျတာမဟုတ်ဘူး ဒါမဲ့ နေ့လည်ကြရင်တော့ နေ့လည်စာ တူတူစားဖို့ စဉ်းစားထားတယ် ဒီတိုင်း ငါသူ့ကို မနက်ဖြန်ကြ မေမေ့ဆီ သွားအိပ်ရမှာလည်းပြောရင်းနဲ့ အဲလိုပဲလုပ်လိုက်တော့မယ် မဟုတ်ရင် သူက လိုက်မှာမဟုတ်ဘူးး သူ့အလုပ်ပျက်တယ်ဆိုပီးတော့ ......😒

အေးပါဟာ ဒါနဲ့ နင် ခုနကပြောတဲ့ Mino ဆိုတဲ့ တစ်ယောက်အကြောင်းသိချင်တယ်ဆို Jisoo Unnie တော့သိမယ်ထင်တယ် ငါ နဲ့ unnie နဲ့ ညနေကြ ချိန်းထားတာရှိတယ် နင်ရောလာမလား အဲမှာ တစ်ခါထဲ မေးလိုက်လေ

အေး အဆင်ပြေသားပဲ အဲဒါဆို ငါ ညနေ လာခဲ့မယ် အချိန်နဲ့ နေရာကို မက်ဆေ့ခ်ျ ပို့လိုက်တော့နော် Chae ငါသွားတော့မယ် ...

အိုခေ ငါပို့လိုက်မယ် .......

Afternoon.....

မမလေး Lisa .....

ညီမ ဟို စင်ဒီ .... Jennie ရှိတယ်မလား ဝင်သွားလိုက်မယ်နော် ပီးတော့ ဘာမှ ထွေထွေထူးထူးမရှိဘူးမလား

ဟီး မရှိပါဘူး မမလေးက အလုပ်ပဲလုပ်နေတာ ဒီရောက်တာနဲ့ အပြင်တွေဘာတွေလည်း အလုပ်ကိစ္စကလွဲပီး မသွားဘူး စိတ်ချပါ မမ Lisa ရဲ့

ကျေးဇူးပါ စင်ဒီ ရယ် ဝင်သွားလိုက်တော့မယ်နော် ......

ဝင်ခဲ့ပါ ......

Lisa ဒီချိန်ကြီး ဘာလာလုပ်တာလဲ ဒီနေ့ အစည်းဝေး လည်းမရှိဘူးနော်....

လူကိုကြိုတာကလည်း ဘာလာလုပ်တာလဲတဲ့ မလာရဘူးလား 😏 နေ့လည်စာသွားစာရအောင် လာခေါ်တာ အလုပ်ပျက်တယ်လို့ မပြောနဲ့ ကို ပြောစရာရှိလို့ လာခဲ့တယ် ကို လည်း အလုပ်နဲ့ပဲ အဲတော့ တစ်ခါထဲ လိုက်ခဲ့ သွားမယ်

Love of my life Where stories live. Discover now