Part 10

4.2K 272 13
                                    

နိုးပီလား ရေသွားချိုးလိုက်ဦး ကို က အကုန်ပီးပီ မနက်စာ တူတူ စားရအောင်လို့ စောင့်နေမယ်နော် အောက်မှာ သူအကုန်ပြင်ဆင်ပီးခါမှ အိပ်ရာကနိုးလာတဲ့ သူရဲ့ ချစ်ဇနီးလေး .....

သူက ဘာလို့အစောကြီးနိုးနေတာလည်း ညကလည်း ငါ့ထက်နောက်ကျမှအိပ်တာကို အို မသိဘူး သူ့ဘာသူ ဘယ်လိုနေနေ နင်ဘာလို့စိတ်ဝင်စားနေတာလည်း Jennie ကိုယ် လုပ်စရာရှိတာကိုပဲ လုပ်စမ်းပါ Jennie လည်းရုံးသွားဖို့ အကုန်ပြင်ဆင်ပီးသည်နဲ့ အောက်ကိုဆင်းဖို့အလုပ်

ပီးပီလား ဒီမှာရော့ ဒါလေးအရင်သောက်လိုက် ပီးမှ မနက်စာစား မနက်စောစော လိမ္မော်ရည်လေးသောက်ရင် စိတ်ကြည်တယ်

ဘာလို့သောက်ရမှာလဲ မသောက်ပါဘူး အဲထဲမှာ ရှင်ဘာတွေ ထည့်ထားမှန်းမှ မသိတာ နောက်ပီး အပိုအလုပ်တွေ မလုပ်ပါနဲ့ မဟုတ်လည်း မနက်စာ စားရတော့မှာကို အဲလိုတွေလုပ်လို့လည်း ဘာမှမထူးဘူးး

ဒီမှာ မသောက်ချင်လည်းနေ ကိုက စေတနာနဲ့ လုပ်လာပေးတာ မနေ့ညက ကို့ကြောင့် ခိုင်းမိသွားတာရော စောစော မအိပ်ရတာရောမို့ ဒီဖျော်ရည်ထဲကို ဘာထည့်ရဦးမှာလဲ အပိုလုပ်တာလည်းမဟုတ်ဘူး သောက်စေချင်လို့ယူလာပေးတာ မသောက်လည်း နေ ...ပြောရင်း သူ့လက်ထဲမှာကိုင်လာတဲ့ ခွက်လေးကို သူပဲအကုန်မော့သောက်ပြလိုက်ကာ အောက်ဆင်းသွားခဲ့သည်

Jen babe လာထိုင် ဒီနေ့မှပဲ မနက်စာ တူတူစားရတော့တယ် စား စား ဒီနေ့ မနက်စာကို Lisa ကိုယ်တိုင်ပြင်ပေးထားတာ သမီးရဲ့ အစောကြီး ထပီး လုပ်နေလို့ ဒယ်ဒီကတောင် ဘာလို့လုပ်နေလဲ အိမ်က သူတွေကို ခိုင်းလိုက်ပါဆိုတာ သူက ကိုယ်တိုင်လုပ်ကျွေးချင်လို့ပါတဲ့ အတင်းကို လုပ်တော့တာပဲ

ဒယ်ဒီပြောတာကိုနားထောင်ရင်း တအံ့တသြဖြင့် သူမဘေးမှာထိုင်နေတဲ့ Lisa ကိုလှည့်ကြည့်လိုက်တော့ ဟိုက ခပ်တည်တည်ပင် သူ ငါ့ကို စိတ်ဆိုးသွားတာလား မနက်စာတွေလည်းပြင်လို့ ဒါတွေ လုပ်တတ်မယ်လို့ ထင်တောင်မထားဘူး ဘာပဲဖြစ်ဖြစ် ငါမမှားဘူး အကုန်လုံးက သူ့ဘာသူ လုပ်ချင်လို့လုပ်တာပဲ ဘာမှ အာရုံစိုက်မနေနဲ့ Jennie ..ကိုယ့်ဘာကိုစား

Love of my life Where stories live. Discover now