Part 13

4.4K 265 22
                                    

ညကလည်း ညည့်နက်မှ အိပ်ပျော်သည်မို့ နှစ်ယောက်သား မနက် နောက်ကျတဲ့ ထိ မနိုးကြသေးပေ ..... အိပ်နေသည့်ပုံမှာ ညတုန်းကအတိုင်း Lisa ရဲ့ ရင်ခွင်ထဲမှာ Jennie ကိုယ်လေး မြုပ်နေရင်း သူမရဲ့ လက်တွေကလည်း Lisa ရဲ့ ခါးကို တင်းကျပ်စွာဖတ်ထားကာ အလှဆုံးအိမ်မက်များမက်ရင်း အိပ်စက်နေကြသည်

သမီး Somi ဘာကိစ္စရှိလို့လဲဟင် ဒီထိ လိုက်လာတယ်ဆိုတော့ အရေးကြီးလို့လား
Lisa ရဲ့ မေမေ လည်း Somi ကို သိပါသည် ခု မနက်စောစော မထင်ထားပဲ အိမ်ကိုရောက်လာသည်မို့ Company ကိစ္စအရေးကြီးလို့များလားဟု စိတ်ပူမိတာကြောင့်....
Lisa က ခုထိ မနိုးသေးဘူးထင်တယ် သမီးရဲ့ အန်တီသွားခေါ်ပေးမယ် ခန ထိုင်ဦးနော်

ဟုတ် ရပါတယ်ရှင့် အန်တီ သမီးက Lisa ခုထိ Company မရောက်လာသေးလို့ ဒီနေ့မနက် သူ လက်မှတ်ထိုးစရာရှိတာလေးတွေ ထိုးရအောင် လာခဲ့လိုက်တာပါ
တကယ်တော့ Somi မနေ့ကမနက်က Lisa သူ့မေမေနဲ့ ဖုန်းပြောနေတာကိုကြားကာ Lisa တစ်ယောက်ထဲ ဒီအိမ်မှာ ရှိသည် အထင်နဲ့ လိုက်လာခဲ့တာဖြစ်သည် အလုပ်ကိုအကြောင်းပြပီး သူနဲ့ တူတူအပြင်ကို သွားမယ်ဆိုပီး ကြံစည်ထားတာမို့ သူ့အတွေးနဲ့သူ သာယာနေသည်

Lisa သမီး မထကြသေးဘူးလား နောက်ကျနေပီ သမီးတို့ မေမေဝင်လာပီနော်

ဟင် သမီးတို့ ဒါဆို Jennie ရော ရှိနေတာလား တောက် သူက ဘာလို့ ဒီထိပါ လိုက်လာရတာလဲ အိမ်ရှေ့မှာ ထိုင်မနေပဲ တမင် Lisa အခန်းနားထိလိုက်လာခဲ့တာဖြစ်သည်

Lisa မေမေလည်း ခေါ်လို့မရတဲ့အဆုံး ဝင်လာပီလို့ ပြောပီး တံခါးဖွင့်လိုက်မှ သူတို့ နှစ်ယောက် အိပ်ပျော်နေတဲ့ ပုံလေးကိုမြင်ရတော့ စိတ်ချမ်းသာရပါသည် ဘယ်လိုပဲဖြစ်ဖြစ် ဒီ သမီးလေးနှစ်ယောက်ကို အဆင်ပြေစေချင်တာမလား သူတို့ စီစဉ်တာလို့ လက်ထပ်ခဲ့ကြတယ်ဆိုပေမယ့် တစ်ယောက်ကို တစ်ယောက် တကယ် သံယောဇဉ် ရှိစေချင်ခဲ့တာပါ .....

သမီး Lisa Jen ထကြတော့

အခန်းထဲထိဝင်လာတဲ့ သူမ မေမေ့ အသံကြားကာမှ နှစ်ယောက်လုံး မျက်လုံးပွင့်လာရာ

ဟင် ငါဘယ်ရောက်နေတာလဲ ကြည့်လိုက်တော့ သူမ ကိုယ်လေး တစ်ခုလုံးက Lisa ရင်ခွင်ထဲမှာ ..... ပီးတော့ သူမ လက်တွေကလည်း Lisa ခါးကို ဖက်လျက်သား

Love of my life Where stories live. Discover now